တွင်းထဲမဆင်းလိုက်ကြပါနဲ့

ဒီပိုစ်လေးကိုတော့ ဆရာဦးဘုန်း(ဓာတု)ရဲ့ အတွေးစာအုပ်ထဲ က တွင်းဆိုတဲ့ စာပုဒ်လေးကို ကျွန်တော့်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်နောင်တများစွာနဲ့ မှီငြမ်းရေးသားထားတာပါ ။ ကျွန်တော်တို့ကို လူကြီးတွေပြောလေ့ရှိတဲ့စကားလေးရှိတယ်။ အားလုံးလည်းကြားဖူးကြမှာပါ
နောက်မှနောင်တမရနဲ့ဆိုတဲ့ တဲ့စကားလေ ဟုတ်ပါတယ် နောင်မှတတဲ့နောင်တ
နောင်တရဲ့နောက်ကွယ်က ဆုံးရှုံးမှူတွေ အများကြီးပဲ အချိန်ကုန်ခြင်း ငွေကုန်ခြင်း
စတာတွေပေါ့ ၊ကျွန်တော်ကမိတ္ထီလာနည်းပညာတက္ကသိုလ်က B.Eကျောင်းသားပါ
မနှစ်ကလည်း B.Eကျောင်းသား ဒီနှစ်လည်း B.E ကျောင်းသား နှစ်ကျပေါ့ဗျာ။
B.Eပြီးရင်ကျောင်းပြီးပြီဆိုတဲ့စိတ်နဲ့ အပြတ်အသတ်ကို ဆိုးတာပေါ့ ၊စီနီယာနောင်တော်ကြီးတွေကတော့ မဆိုးဖို့ မပေဖို့ပြောတာပေါ့ ဒါပေမယ့်လည်း
ဘယ်ရလိမ့်မလဲ ကျွန်တော်ဆိုတဲ့ကောင်က သူတို့တောင်လျှောက်လုပ်သေးတာပဲ ငါရောက်တော့ဟိုဟာပြော ဒီဟာပြောနဲ့ ကိုယ့်သဘောနဲ့ကိုယ်လုပ်ချင်ရာလုပ်မှာ
ပေါ့ဆိုပြီးထင်တိုင်းကြဲခဲ့တယ် ယောကျာ်းလေးသဘာဝစာမေးပွဲနီးမှကြည့်မယ်ပေါ့
စာမေးပွဲလည်းနီးလာရော ကျန်းမာရေးကမကောင်းတော့စာမကြည့်နိုင်ဘဲ ကျတာပေါ့ဗျာ ဒီတော့မှ အစကတည်းကစာမကျက်ခဲ့မိတာကိုနောင်တရလို့မဆုံးတော့ဘူး

အလကားမရ၊ ကိုယ့်အားကိုယ်ကိုး

(ဖေမြင့်၏ ကိုယ့်ထူးကိုယ်ချွန်သမားများအတွ
က် လက်စွဲစကားများ စာအုပ်မှ)

အလကားမရ

သင့်အောင်မြင်မှုနှင့် စိတ်ချမ်းသာမှုကို သင်ကိုယ်တိုင်ပင် တောင်းဆိုယူရလိမ့်မည်။

ကမဿဘာလောကသည် သင့်အား ဘာကိုမျှ အသားလွတ်ပေးမည် မဟုတ်။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာ ပခုံးပုတ်ကာ ရော့... ယူဗျာ၊ အခွင့်အရေးတွေ ဟုပေးမည်မဟုတ်။ ပခုံးပုတ်၍ လှည့်အကြည့်တွင် မျက်နှာကို လက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင် ခံချင် ခံရနိုင်သည်။

အလကား ရနိုင်တာ ဒါမျိုးပဲ ရှိသည်။

ဒါကို လူအများလည်း သိကြသည်။ သို့သှော ဒါကိုသိလျက် သူတို့ ဘယ်လိုတွေးကြသနည်း။ ဘယ်သူကမှ ငါ့ကို မကူညီလျှင် ငါဘယ်မှာ အောင်မြင်နိုင်မည်လဲ ဟူ၍ပဲ တွေးသည်။

မှားပြန်ပါပြီ။

ဝဋ်လည်မှာလား..ဖြစ်လာမှာလား

မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊

လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက
လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့
ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ
အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။
ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့
အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့်
ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။
ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး
စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။


သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊
မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။"
လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့
အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု
စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း
အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး
ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

L.Linn သင့်ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အချက်များ

မေးထဲကနေပို့ပေးတဲ့စာတစ်စောင်ကိုတင်ပေးတာပါ
၁။ ဖုန်းကို ဘယ်ဘက်နားဖြင့်သာ နားထောင်ရန်။
(ဖြည့်စွက်ချက်။  ။ဟမ်းဖုန်းမြည်လာတဲ့ အခါမှာ တဖက်နဲ့ လက်ခံစကားပြောတော့မယ်ဆိုရင် ချက်ချင်း နားနဲ့ အရင်ဆုံး မကပ်လိုက်ပါနဲ့။ ဘာလို့လဲဆိုတာ ဟမ်းဖုန်းတွေမှာ maximum signaling power ပါဝင်နှုန်း 2watts = 33dbi ရှိလို့ပါပဲ။ ဘယ်ဘက်နားနဲ့ နားထောင်ခြင်းဖြင့် ဦးနှောက်ကို ကယ်တင်ရာရောက်ပြီး ညာဘက်နားနဲ့ နားထောင်ပါက ဦးနှောက်ကို တိုက်ရိုက် သွားရောက်ထိခိုက်နိုင်ပါကြောင်း)
၂။ တစ်နေ့ကို ကော်ဖီ ၂ကြိမ် မသောက်ရ။
၃။ ဆေးသောက်ပါက ရေအေးနှင့် မသောက်ရန်။

သေချာစွာဖတ်ပြီးတော့ နားလည်ပေးနိုင်ကြပါစေ

လူတစ်ယောက်ဟာ
လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ တစ်နေ့တော့
ပိုးအိမ်လေးမှာ အပေါက်သေးသေး လေးတစ်ခု ပေါ်လာ ပါတယ်။ ပိုးအိမ်လေးကို
ယူလာတဲ့လူလည်း အဲဒီအပေါက်လေးကနေ လိပ်ပြာလေး တိုးထွက်နေတာကို စိတ်ဝင်တစားနဲ့
နာရီပေါင်းများစွာ ထိုင်ကြည့်နေမိပါတယ်။ ကြည့်နေတုန်းမှာပဲ လိပ်ပြာလေး
အပေါက်ကနေ ဆက်မထွက်နိုင် ရှာတော့ဘဲ ရပ်သွားပါတယ်။ သူ့ကို ကြည့်ရတာ
အစွမ်းကုန်ကြိုးစားခဲ့ပြီး အပေါက်ကနေ ဆက်ထွက်နိုင်စွမ်း မရှိတော့တဲ့ ပုံပါပဲ။

ထိုင်ကြည့်နေတဲ့လူလည်း လိပ်ပြာလေးကို ကူညီဖို့ဆုံးဖြတ်လိုက်ပြီး ကတ်ကြေးနဲ့
ပိုးအိမ်လေးကို ညှပ်ပြီးခွဲပေးလိုက်ပါတယ်။ အဲဒီအခါမှာ လိပ်ပြာလေး ပိုးအိမ်ထဲက
အလွယ်တကူပဲ ထွက်လာပါတော့တယ်။ လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာဟာ
နုနယ်တင်းရင်းလွန်းနေပြီး အတောင်ပံလေးတွေဟာလည်း တုန်ရီချိနဲ့နေရှာပါတယ်။

လွတ်ချထားသင့်ရင် လွတ်ချထားလိုက်ပါကွာ

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး

'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်..

၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..

'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။

ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..'

"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့

"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..

"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …

ဗုဒ္ဓဖြေကြားခဲ့တဲ့ ကျွန်တော်တို့ တကယ်မသိသေးသော မေးခွန်းများ၏ အဖြေ


ဗုဒ္ဓဖြေကြားခဲ့တဲ့ ကျွန်တော်တို့ တကယ်မသိသေးသော မေးခွန်းများ၏ အဖြေများ
လူ လူချင်း တူပါလျက် ………….

အချို့သူများသည် အသက်တိုပြီး အချို့သူများသည် အသက်ရှည်ကြ၏။

အချို့သူများသည် အနာရောဂါ ထူပြောပြီး အချို့သူများသည် အနာရောဂါ ကင်းရှင်း ကျန်းမာကြ၏။

အချို့သူများသည် ရုပ်ရည် ချောမော လှပပြီး အချို့သူများသည် ရုပ်ဆိုး အကျည်းတန် ကြ၏။

အချို့သူများသည် ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံ ပေါများပြီး အချို့သူများသည် ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံ နည်းပါးကြ၏။

အချို့သူများသည် ပစ္စည်းဥစ္စာ ချမ်းသာ ပြည့်ဝပြီး အချို့သူများသည် ဆင်းရဲမွဲတေ ချို့တဲ့ကြ၏။

အချို့သူများသည် ယုတ်နိမ့်သော အမျိုး၌ လူဖြစ်ပြီး အချို့သူများသည် မြင့်မြတ်သော အမျိုး၌ လူဖြစ်ကြ၏။

အချို့သူများသည် ဥာဏ်ထိုင်း ပညာမဲ့ပြီး အချို့သူများသည် ဥာဏ်ကောင်း ပညာရှိကြ၏။

လူတွေ ဘာကြောင့် မတူကွဲပြား နေကြရပါသနည်း …………………..???

အရှုံးရဲ့အချိန်အဆ

လိုချင်တာမရတာဘ၀ဆိုရင်လည်း
ဖြစ်တည်ခွင့်ဆိုတာကိုငါမတပ်မက်တော့ဘူး
ငါ့မနက်ဖြန်တိုင်းအတွက် အပြုံးခပ်ယဲ့ယဲ့ကိုလည်း
မင်းကလွဲပြီးတခြားသူကိုပေးဖို့
ငါတစိုက်မတ်မတ်မပြင်ဆင်ရသေးဘူး
ရှုံးနိမ့်မှုတွေများလွန်းလာတော့
အရေထူလာတဲ့ ငါ့နှလုံးသားကပေါက်ကွဲမှူတွေကိုတင်းခံနိုင်ပေမယ့်
မင်းကြည့်တတ်ရင်မြင်ပါလိမ့်မယ်
ငါ့မျက်ဝန်းမှာ အရင်ကထက်စိုထိုင်းဆတွေ
ပိုပိုများလာနေပြီလေ........

စိုးရိမ်စိတ်

သွားပါ..ငါ့နှလုံးသားဆန္ဒဆန့်ကျင်ဘက်အရပ်ဆီကို
ပူပင်ကင်းစွာနဲ့ပေါ့
သွားပါ..နောက်ကျခဲ့တဲ့ငါ့ရဲ့ခပ်မွဲမွဲအချစ်တွေကို
အယုံအကြည်မဲ့စွာနဲ့ပေါ့
သွားပါ..အရှုံးသမားတစ်ယောက်ရဲ့နဲ့တဲ့တဲ့ညည်းချင်းကို
ခံစားမှုကင်းမဲ့စွာနဲ့ပေါ့
သွားပါ..ဘာမှအခြေအမြစ်မရှိုတဲ့သံယောဇဉ်ယိုင်နဲ့နဲ့ကို
မထီမဲ့မြင်စွာနဲ့ပေါ့
သွားပါ..မင်းအတွက်ငါ့ဘ၀ကို ငါခင်းထားပေးမယ်
အလျင်စလိုတော့မလှမ်း လိုက်နဲ့
ခလုတ်ထိလို့မင်းလဲကျခဲ့ရင်
ဖေးမပေးချင်နေတဲ့ ငါ့နှလုံးသား
အကျင့်ပါသွားမှာစိုးလို့ပါကွာ
                                          G-Ray

G-Mail အကောင့် ဖောက်နည်း အသစ်

ကိုကောင်လေးငယ်ရဲ့ ပို့စ်ပါ

ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. ဒီနေ့တော့ ကျွန်တော် G-Mail အကောင့်ကို ဘာကုဒ်မှ ထည့်စရာမလိုပဲ အလွယ်တကူ ဖောက်လို့ရမဲ့ နည်းလမ်းလေးကို ရေးပေးပါမယ် .. နောက်ပိုင်းတော့ အတက်နိုင်ဆုံး အားလုံးအတွက် အသုံးဝင်မဲ့ ပိုစ်တွေ ရေးပေးသွားနိုင်အောင်လည်း ကြိုးစားသွားပါမယ် .. အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး အကောင့်တစ်ခု ဖောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ ..

အပေါ်က လင့်အတွင်း သွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..

ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ  ..



အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..


အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..


အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..


ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..


အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

ရှင်ဘုရင်နှင့်ပင့်ကူ

တစ်ကြိမ်ကျရှုံးရုံနဲ့ဆက်မကြိုးစားတော့ရင် ဘယ်လိုလုပ်အောင်မြင်နိုင်မှာလဲ။အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားမှုတွေအကြိမ်ကြိမ်ကျဆုံးမှုတွေကို
ခံနိုင်ရည်ရှိရမယ်။

လက်ရှိအောင်မြင်နေတဲ့သူတွေ သူတို့မှာလည်းသူတို့အခက်အခဲနဲ့သူတို့ရှိခဲ့ကြမှာပဲ လုံးဝပြီးပြည့်စုံတဲ့သူမရှိပါဘူး။တစ်ကြိမ်ကြိုးစားလို့မအောင်မြင်ရင်နောက်တစ်ကြိမ်ပေါ့ အောင်မြင်တဲ့အထိကြိုးစားယူရမှာပေါ့ ကျွန်တော်တို့ငယ်စဉ်ကလည်း မပုကြွယ်နှင့်ခရုငယ်အကြောင်းသင်ခဲ့ဖူးတာပဲ အကြိမ်ကြိမ်ကြိုးစားရမှာပေါ့ဗျာနော်။အခုနောက်ပုံပြင်တစ်ခုပေါ့ပြောပြချင်ပါတယ် ဆရာဖေမြင့်ရဲ့ စာဖတ်သမားမှတ်စုများထဲကပေါ့ စကော့ဘုရင်အာဏာဆုံးရှုံးပြီးထွက်ပြေးတိမ်းရှောင်ရင်းသူဘ၀ကိုပြန်လည်ထူထောင်နိုင်ခဲ့တဲ့ဇာတ်လမ်းပေါ့။
ရှင်ဘုရင်ရောဘတ်ဘရုစ်သူကစကော့ကိုအင်္ဂလိပ်တွေ

ဝင်သိမ်းတော့မဟန်လို့အိုင်ယာလန်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့တယ်။သူပုန်းခိုနေတာက ရက်သလင်းဆိုတဲ့ကျွန်းလေးမှာပေါ့ ။တစ်နေ့တော့ သူနေထိုင်တဲ့တဲငယ်လေးပေါ်မှာပင့်ကူလေးတစ်ကောင်အိမ်ဆောက်ဖို့လုပ်နေတာကိုသူတွေ့ ခဲ့တယ်။ပင့်ကူလေးကသူ့ပိုးမျှင်တွေနဲ့ တဲရဲ့ဟိုဘက်ထုတ်တန်းနဲ့ဒီဘက်ထုတ်တန်းကိုအရှိန်နဲ့လွှဲယူဖို့လုပ်နေတယ်။ပထမအကြိမ်မရဘူး နောက်တစ်ကြိမ် မအောင်မြင် ဒီလိုနဲ့လုပ်လိုက်တာ ခြောက်ကြိမ်တိုင်တိုင်မရခဲ့ဘူး။ဒါပေမယ့်ပင့်ကူလေးဇွဲမလျှော့ခဲ့ပါဘူးနောက်တစ်ကြိမ်ထပ်လုပ်တယ်။
ဟုတ်ကဲ့ သူအောင်မြင်သွားခဲ့တယ်ခင်ဗျ ဘုရင်လည်းပင့်ကူလေးကိုကြည့်ပြီးစဉ်းစားတယ် ငါလည်းနောက်ထပ်အားထုတ်ရင်ဖြစ်နိုင်တယ်ဆိုပြီး ကျွန်းကနေထွက်ခွာ လူသူအင်အားစုဆောင်းပြိး စကော့တလန်ကိုအင်္ဂလိပ်တို့လက်ထဲကနေတိုက်ယူခဲ့တယ် သူလည်းအကြိမ်ကြိမ်ကြိုးစားခဲ့တာပဲ

ကျွန်တော်လို့လည်းလဲကျရင်ပြန်ထမယ်ဆိုတဲ့စိတ်၊ကြိုးစားချင်စိတ်လေးပဲလိုတာပါ ၊ကျွန်တော်တို့နိင်ငံလွတ်လပ်ရေးရခဲ့တာကလည်းလွယ်လွယ်ကူကူမှမဟုတ်တာ သင်ကောမကြိုးစားချင်ဘူးလား လဲကျပြီးပြန်မထချင်တော့ဘူးလား ဘာပဲဖြစ်ဖြစ် ပြန်ထပါလို့ကျွန်တော်တောင်းဆိုပါတယ် တကယ်ကြိုးစားပါ
အောင်မြင်နိုင်မှာပါ မအောင်မြင်သေးတာကိုတွေးမနေပါနဲ့အောင်မြင်အောင်လုပ်မယ်လို့ပဲတွေးပါလို့
တိုက်တွန်းလိုက်ပါရစေ


ဒီဇာတ်လမ်းလေးကိုကျွန်တော်ကြိုက်လို့တင်ပေးချင်နေတာကြာပြီ ခုမှတင်ပေးဖြစ်တာ စာအုပ်ထဲမှာတော့ဒီလိုမဟုတ်ပါဘူး ကျွန်တော် အဆင်ပြေသလိုပြန်ရေးထားတာပါ အမှားပါရင်ခွင့်လွှတ်ပါ လို့တောင်းပန်ပါတယ်

မိမိUSB stick ထဲဒေတာတွေကူးလို့မရရင်(သို့) Write protect ဖြစ်နေခဲ့ရင်

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး
မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ

တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့်
လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။
ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies
ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ/
Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။

Hidden File တွေပြန်ဖော်မယ်ဗျာ

ကျွန်တော်တို့ MP3,MP4 ,Memory Stick တွေကို ကွန်ပြူတာနဲ့ချိတ်ဆက်အသုံးပြုတဲ့အခါမှာ စက်မှာ Virus ရှိနေခဲ့ရင်
ကျွန်တော်တို့စက်တွေကို ကူးနိုင်ပါတယ် တကယ်လို့ များသောအားဖြင့် autorun.exe ဆိုတဲ့ text ဖိုင်နဲ့လေးကနေစတင်ဝင်ရောက်လာပြီးတော့ အထဲမှာရှိတဲ့ folder တွေကိုဖျောက်ပစ်လိုက်တယ် နောက်ပြီးတော့ မူရင်းပုံစံဖိုဒါလေးလို
virus ဖိုဒါလေးတွေဖန်တီးပြီးတော့ဝင်ရောက်လာတယ် ။မူရင်းဖိုဒါဟုတ်မဟုတ်သေချာကြည့်ရင်တော့သိနိုင်ပါတယ် ။သူပြန်လုပ်ထားတဲ့ ဖိုဒါတွေက .exe ဆိုတဲ့ application ဖိုဒါတွေပြန်လုပ်ပေးခဲ့တာပါ အဲဒါကိုသိလို့ antivirus software နဲ့စစ်ကြည့်တဲ့အခါမှာ တော့ autorunအပါအ၀င် သူပွားထားတဲ့ .exe folder တွေအကုန်လုံးကိုဖျက်ပစ်လိုက်ပါတယ် ။သို့ပေမယ့် ကိုယ့်စက်ကိုကြည့်လိုက်တော့ ဘာမှမကျန်တော့ဘူး အားလုံးဗလာဖြစ်နေတာကိုတွေရတယ် ။အဲမကျေနပ်လို့ proerties ကိုဝင်ကြည့်ပြန်တော့ စက်ထဲမှာဒေတာတွေကရှိ
နေပြန်ရော အဲဘယ်လိုဖစ်ရတာလဲ သေချာစဉ်းစားကြည့်တော့ ဟိုကိုယ်တောချောတွေလက်ချက်ဖြစ်နေတာကိုး ။ဇာတ်လိုက်တွေက မူရင်းဖိုင်တွေကိုဖျောက်ပြီး သူတို့ဘော်ဘော်တွေကအစားထိုးဝင်လာတာလေ သူတို့ကိုသတ်လိုက်တော့  ဖျောက်ထားတဲ့ဖိုဒါတွေက ကိစ္စပြတ်
ရောပဲ စိတ်မပူပါနဲ့ လွယ်လွယ်လေးပဲ ပြန်ဖော်နည်းလေးတင်ပေးလိုက်ပြီနော် ဖတ်ရတာစိတ်လည်းမရှည်တော့ဘူးမလား ကဲလာပြီနော် ပထမဆုံးလုပ်ရမှာက ဒီလို my computer ထဲကိုဝင်လိုက်ရပြီလား ပြီးရင်အဲ ပုံလေးနဲ့ရှင်းလိုက်မယ်နော် ရတယ်ဟုတ်
အဲနံပါတ်1အနေနဲ့ folder option ထဲဝင်ပြီးပြီဆိုရင် နောက်တစ်ပုံကိုထပ်လုပ်ကြည့်ပေါ့နော်

နံပါတ်3 ပုံလေးအတိုင်း show hidden files & folder ကိုနှိပ်လိုက်ပါ
အဲဒီအဆင့်ထိအိုကေပြီလား မသိဘူးဘော်ဒါတို့
အိုကေရင်ဆက်သွားမယ်နော်
နောက်တစ်ဆင့်အနေနဲ့ hide protected စတဲ့ဟာလေးကို အမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ ပြီးရင်တော့ apply ကိုနှိပ် ok ကိုနှိပ်လိုက်ပါ အိုကေသွားမှာပါ ဒန့်ဒန့်ဒန့့်