သူငယ်ချင်းလေးဖတ်ဖို့(၃)
သူငယ်ချင်းရေ အခု Finall exam ပြီးသွားပြီဆိုရင် ငါတို့ထဲက (50)ရာခိုင်နှုန်းကျော်လောက်က ပြင်ပလောကထဲကို ရောက်တော့မယ်။ တစ်ချို့က လည်း Master ထပ်တက်ကြမယ်ပေါ့။ ကျောင်းသားဘ၀ကနေ လုပ်ငန်းခွင်ထဲ ၀င်ရောက်တော့မယ်သူတွေ အတွက်တော့အခက်အခဲဆိုတာကြီးကို ရင်ဆိုင်ရမှာပဲ။ စိတ်မပျက်အားမလျော့ပါနဲ့ သူငယ်ချင်းရာ။ အဲဒီအခက်အခဲတွေကို ငါတို့ ကျောင်းလမ်းကြီးလို့သတ်မှတ်လိုက်ရအောင် (ဥပမာပြောတာနော်) ငါတို့ ကျောင်းလမ်းကြီးမကောင်းပါဘူး။ ချိုင့်တွေ၊ ခဲတွေနဲ့ တော်တော်လေးဆိုးတယ်။ ငါတို့နေစဉ်နဲ့အမျှ ဖြတ်သန်းရင်းကျော်လွှားနိုင်တော့မယ်။ ဒါကြောင့် ပထမဆုံးအပြင် မှာ အခက်အခဲကြုံပြီဆိုရင် ငါတို့အတူတက်ခဲ့ဖူးတဲ့ကျောင်း ၊ ဒီကျောင်းကို သွားတဲ့လမ်းကို သတိရလိုက်ပါ။ ငါတို့လျှောက်ရမယ်လမ်းက အခက်အခဲကတော့ ရှိမှာဘဲလေ။ ငါအခုပြောထားတဲ ဥပမာထက်လည်းဆိုးချင်ဆိုးမှာပဲ။ အားမလျှော့ပါနဲ့  စိတ်ဓာတ်ခိုင်ခိုင်ထားပါ ဒုတိယအနေနဲ့ ကဗျာလေးတစ်ပုဒ်ရှယ်ယာလုပ်ချင်တယ်။ မင်းတို့လည်းသင်ဖူးပါတယ်။ ငါတို့ငယ်ငယ်တုန်းက ကဗျာလေးပါ။ အရင်တုန်းက တော့ ကျက်ဆိုကျက်လိုက်တာပဲ အခုသေချာပြန်ဖတ်ကြည့်တော့ တော်တော်လေးကို ကောင်းတဲ့ ကဗျာလေး ဖြစ်နေတယ်။ငါလည်း ဟိုတလောဆီတုန်းက ကလေး တစ်ယောက် ကျက်နေတာကြာပြီး ပြန်ကူးထားလိုက်တာ။ (၆)တန်း မြန်မာစာအုပ် ထဲက ထိပ်ဆုံးသို့ ဆိုတဲ့ကဗျာလေးပါ။
ထိပ်ဆုံးသို့
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတစ်လေတကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိတောပေါ့
တစ်နေ့တော့ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းကိုအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား ........။
ကဗျာကိုတော့ရှင်းပြမနေတော့ဘူးနော်။သယ်ရင်းတို့က နားလည်ပါတယ်ဟုတ်တယ်ဟုတ်။
တောင်သမန်တံတားကြီး ဘယ်လိုဆောက်ထားသလဲ.....
တောင်သမန်တံတားကြီး ဘယ်လိုဆောက်ထားသလဲ.....
တောင်သမန်တံတား ခေါ် “ဦးပိန်တံတား ” သည် ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်လာ
သည်။ ၁၂၀၉ ခုနှစ်၊ ပုဂံမင်းလက်ထက်တွင် မြို့စာရေးဦးပိန် တာဝန်ယူတည်ဆောက်ခဲ့သဖြင့်
ဦးပိန်တံတားဟု ကျော်ကြားခဲ့ခြင်းဖြစ်သည်။
         အင်းဝနန်းတော်ဟောင်းမှ သစ်သားတိုင်ဟောင်းများကို  သယ်ယူရွှေ့ပြောင်းပြီး ၁၂၁၁     ခုနှစ်တွင် တောင်သမန်အင်းကြီး အပေါ် ပေါင်းကူးတည်ဆောက်ထားခြင်းဖြစ်သည်။
         စာရင်းမှတ်တမ်းများအရ (၃၉၆၇) ပေ ရှည်လျားသည်။ တံတားတိုင်လုံးပေါင်း ၁၀၈၆ တိုင်
ဖြင့် တည်ဆောက်ထားသည်။ အခန်းအကန့်ပေါင်း (၄၀၂)ခန်း ရှိသည်။ဇရပ်စုစုပေါင်းလေးခုလည်း
ရှိသည်။
         တောင်သမန်အင်းကြီးသည် အလွန်ထင်းရှားသော အင်းကြီးဖြစ်သည်။ မုံရွေးဆရာတော်
၏မှတ်စုတွင်“ ရေ-စစ်ကိုင်း၊ လှိုင်း-ပခမ်းငယ်၊ လယ်-တောင်တွင်း၊ စပါး-ရမည်းသင်း၊ အင်း-တောင်
သမန်၊ ကန်-မိတ္ထီလာ ” ဟုပင် မှတ်တမ်းတင်ထားခဲ့သည်။
ကောင်းမှုတော်ဘုရားကြီးကို အုတ်ချပ်ရေဘယ်လောက်နဲ့ တည်ထားတာလဲ..
ကောင်းမှုတော်ဘုရားသည်ပုံစံတော်ထူးခြားသည်။ဘုရားပုံစံတော်နဲ့ပတ်သက်ပြီး အမျိုးမျိုးပြောလာကြသည်။
အချို့ကလည်း လက်လွတ်စပယ် ပြောလာခဲ့သည်ကို ယုံကြည်နေကြဆဲပင်။ ကောင်းမှုတော်ဘုရားတွင်
 ပစ္စယံသုံးဆင့်ခံထားသည်။ သပိတ်မှောက်ထားသည့်အလားတည်ထားသည်။ အဆိုပါစပါးပုံသဏ္ဍာန်
ဓာတ်တော်ကြုတ်အုပ်ထားသည့်သဏ္ဍာန်စေတီတော်အမျိုးကိုသီရိလင်္ကာနိုင်ငံတွင်အများဆုံးတွေ့ရသည်။
စစ်ကိုင်းကောင်းမှုတော်ဟုသာ လူသိများနေသော ရာဇမဏိစူဠာစေတီကြီးသည် စစ်ကိုင်းမြို့မြောက်ဘက် ၆ မိုင်အကွာတွင်
တည်ရှိသည်။မြန်မာသက္ကရာဇ် ၉၉၈ (ခရစ် ၁၆၃၆) တော်သလင်းလဆန်း ၁၀ ရက် တနလာင်္နေ့တွင်အင်းဝဘုရင်
သာလွန်မင်းတရားကြီးတည်ခဲ့သည်။ ဥာဏ်တော်သည် အတောင်၁၀၁၊လုံးပတ်၅၀၂တောင် ၂မိုက်၎သစ်ရှိသည်။
စေတီကြီးကိုကျောက်ဆီမီးတိုင် ၈၀၂တိုင်ဝိုင်းရံထားသည်။ ၁၂ နှစ်ကြာမျှတည်ဆောက်ခဲ့ရသည်။
မြန်မာ၊မွန်၊ ယွန်း(ရှမ်း)အက္ခရာတို့ဖြင့် နိပါတ်ခင်းရုပ်စုံ၊ ဗုဒ္ဒ၀င်နှင့် ၃၁ဘုံတို့ကို နံရံပန်းချီချယ်ထားသည်။
မုခ်ဝလေးမျက်နှာတွင် အုတ်ပြသာဒ်များ ဆောက်လုပ်ထားသည်။
ကျောက်စာအရ စွယ်တော်၊ဆံတော်တို့အပြင် အရပ်ရပ်မှ ပင့်ဆောင်လာသော ဓာတ်တော်မွေတော်နှင့်
ပတ္တမြား၊ ရွှေ၊ ငွေ၊ ပယင်း၊ မိုးကြိုးစေတီများ ဠာပနာထားသည်။
စေတီကြီးတည်ရာတွင် အုတ်ချပ်ပေါင်း ၁၀,၁၂၆,၅၅၂ အသုံးပြုခဲ့သည်။
သူငယ်ချင်းလေးဖတ်ဖို့(၂)
ခွဲခွာရတော့မယ့်သူငယ်ချင်းများအတွက်အမှတ်တရရေးလိုက်ရပါတယ်
သူငယ်ချင်းတို့ရေ ……
                ဆယ်စုနှစ် နှစ်ခုလောက် လွယ်ခဲ့တဲ့ စာအုပ်အပြည့်နဲ့လွယ်အိတ်ကြီးပုခုံးပေါ် က လျောကျသွားတဲ့အခါ သူငယ်ချင်းတွေပါ ပါမသွားပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ။
နောင်တစ်ချိန် ဟိုနား တစ်ယောက်ဒီနားတစ်ယောက် တွေ့ရရင်ပဲ ငါဆုတောင်း ပြည့်တယ်လို့ ဆိုမယ်။
                ငါ့အတွက်တော့ သူငယ်ချင်းဆိုတာ စာသင်ခရီးထဲက ဆူဖော် ဆူဖက်တင်မကဘူး အမှတ်ရစရာ မနက်စာဖြစ်တယ်။ လက်ဖက်ရည်တစ်ခွက်၊ ဒါမှမဟုတ် မန်ယူနဲ့ အာဆင်နယ် ပွဲတစ်ပွဲ ဖြစ်တယ်။ ပိုက်ဆံချေးတဲ့အချိန်၊ အကြွေးဆပ်တဲ့အချိန်ရယ် သောက်စားတဲ့ အချိန်အမှတ်ရစာတွေချည်းပါပဲ။
ဘ၀မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း.....။
သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။
သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။
လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။
သူငယ်ချင်းလေးဖတ်ဖို့(၁)
သူငယ်ချင်းတွေကိုလွမ်းလို့ရေးလိုက်တာပါ။
သူငယ်ချင်းဆိုတဲ့ဝေါဟာရအသုံးလေးကိုလူတွေအကုန်လုံးနားလည်ကြရဲ့လားဆိုတာ ကိုတော့ ကျွန်တော်လည်းမသိပါဘူး ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ပါဘူး ဒါပေမယ့် လူတိုင်းမှာ အယူအဆပေါင်းများစွာ ရှိကြပါတယ်။ ကိုယ်အယူနဲ့ ကိုယ်ပေါ့ ကျွန်တော်က သူငယ်ချင်းတွေကို တွယ်တာစရာတစ်ခုအနေနဲ့ အမြဲတမ်းပဲ မခွဲခွာ ချင်ပါဘူး.. ဗျာ ကျရာမှာနေ စေရာကိုသွားဆိုတဲ့စကားတွေရှိသလို မခွဲချင်ပါဘဲနှင့်လည်း ခွဲခွာရမှာလေ။။ ကျွန်တော်ကသူငယ်ချင်းဆိုးဖော်ဆိုးဖက် အနေနဲ့သတိရနေတာတော့ မဟုတ်ရပါဘူး တိုက်ဆိုင်မှုဆိုတာတွေက အချိန်တိုင်းလိုလိုမှာ ဖြစ်ပေါ်လာတတ် ကြပါတယ်လေ။ ကျွန်တော်ရဲ့ တိုက်ဆိုင်မှုတွေက သူငယ်ချင်းတွေနဲ့ပဲ ဆိုင်တဲ့ တိုက်ဆိုင်မှု တွေပါပဲ။ကျောင်းတော် ကြီးကို တက်ရောက်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်ရဲ့ သူငယ်ချင်းတွေနဲ့တွေ့ခွင့်ရခဲ့ရတာလေး အဲဒီအတွက်ကျောင်းတော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်- ကျောင်းသားဘ၀မှာ ပျော်စရာတွေရှိသလိုစိတ်ပျက်ဖွယ်တွေကို လည်းသူငယ်ချင်းတို့နဲ့အတူကျွန်တော်လည်းကြုံခဲ့ရတယ်နော်..
ကိုယ့်Gmail account ဘယ်သူသုံးသေးလဲသိချင်ရင်
စာမရေးဖြစ်တာ နည်းနည်းကြာသွားပြီ။ ပြန်ပြီး ရေးပါတော့မယ် … အခုပေးထားတဲ့ ခေါင်းစဉ်ကို ကြည့်တာနဲ့ ဂျီမေးလ်သုံးတဲ့လူတိုင်း သိချင်ကြမှာပါ။ သိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျနော့်ကို မေးတဲ့လူ ရှိလို့ သတိရတာနဲ့ မသိသေးတဲ့ သူတွေအတွက် မျှဝေလိုက်ပါတယ်။ ဒီလိုဗျာ ကိုယ့် account ကို တစ်နည်းနည်းနဲ့ပေါ့နော် သုံးနေတဲ့ လူများရှိမလား။ ဘယ်အချိန်က ဖွင့်ခဲ့တာလည်း အဲဒါသိ ဖို့အတွက်ပါ။ လွယ်ပါတယ်။ Gmail ကို Sign In ၀င်လိုက်။ ဂျီမေးရဲ့အောက်ခြေမှာ ပြထားတဲ့ စာတန်းတွေကို တွေ့လိမ့်မယ်ထင်တယ်။ အောက်ပါပုံကို ကြည့်ကြည့်ပါ။
အခုအနီနဲ့ တားပြထားတဲ့ အတိုင်းဆိုရင်တော့ လက်ရှိ ကျနော့် account ကို တစ်ခြားနေရာမှာ ဖွင့်ထားတာ မရှိဘူးပေါ့ဗျာ။ နောက်ဆုံး Sign In ၀င်ခဲ့တဲ့ အချိန်နဲ့ IP Address ကိုပြနေပါလိမ့်မယ်။ အောက်က ပုံကို ထပ်ကြည့်ပါဦး …