အေးချမ်းသောလက်တို့ဖြင့် ...........

ဒီတစ်လောအတွင်းလင်းတစ်ယောက်စာကောင်းကောင်းမရေးဖြစ်ဘူးအပျင်းကြီးနေတာ ၊တစ်ရက်က သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့
ဟိုရောက်ဒီရောက်စကားတွေပြောဖြစ်ရင်းနဲ့ ဒီစာလေးကိုရေးဖြစ်ပါတယ် ။ လင်းသူငယ်ချင်းက လင်းလိုပဲ သဘောအရမ်းကောင်းတယ်
ကူညီတတ်တယ် (ကြော်ငြာဝင်တာ ဟိဟိ) ။တစ်ရက်က သူစိတ်ညစ်ညစ်နဲ့ ပြောတယ်
ငါသူငယ်ချင်းတွေအားလုံးကို ပျော်ရွှင်ချင်တယ်အေးချမ်းချင်တယ် သူတို့အေးချမ်းအောင်ငါဘယ်လိုလုပ်သင့်လဲ တဲ့ သိပ်ကိုကောင်းတဲ့စိတ်ကူးလေးပါ  သူကိုယ်သူမသိတာက သူလုပ်မပေးနိုင်သေးတဲ့ကိစ္စတစ်ခုအတွက် ပူလောင်နေတယ်
ကျွန်တော်လည်း သူငယ်ချင်းမင်းစိတ်ဓာတ်ကိုငါလေးစားတယ် ၀မ်းလည်းသာပါတယ်ကွာ ဒါပေမယ့်ငါပြောတာ သေချာနားထောင်နော် လို့ပြောတော့ သူခေါင်းကလေးကိုဆတ်ခနဲ့ညိမ့်လို့ အေးကွာ ငါတို့က အပြန်အလှန်ဆွေးနွေးနေတာပဲ ကောင်းမွန်တဲ့ပြောဆိုမှူမျိုးဆိုရင်
ငါလက်ခံရမှာပေါ့ကွာတဲ့ " အားရှိစရာစကားပါ ။ကိုယ်ပြောတာကို သူနားထောင်မယ်တော့အာမ မခံဘူး ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်
လေးစားမှုတွေနဲ့ စကားဝိုင်းလေးက စတင်အသက်ဝင်လာခဲ့တယ် ။
"ငါတစ်ခုပြောမယ်နော် သယ်ရင်း မင်းအခု မင်းလက်က ပူနေတယ်ဆိုပါတော့ မင်းရဲ့ပူနေတဲ့လက်နဲ့ အခြားသူကိုအေးချမ်းပါစေဆိုပြီးကိုင်ရင်
အခြားတစ်ယောက်က အေးချမ်းပါ့မလားသယ်ရင်း " ကျွန်တော့်အမေးကိုသူစဉ်းစားပြီးဖြေပါတယ်
"ဟ လင်းလင်းရာ ဘယ်လိုလုပ်အေးချမ်းနိုင်မှာလဲ ကိုယ်လက်က ပူနေမှတော့ ကိုယ်ကိုင်လိုက်တဲ့သူလဲ ပူလောင်မှုပဲခံစားရမှာပေါ့ကွာ "
အေး ဒီလိုပဲ ငါတို့က သူများကိုအေးချမ်းစေချင်ရင် ကိုယ့်ကိုကိုယ်အရင်အေးချမ်းအောင်ထားသင့်တယ် သယ်ရင်း ကိုယ့်စိတ်တွေအေးချမ်းနေမှ ကိုယ်နဲ့ပတ်သတ်တဲ့သူတွေကိုအေးချမ်းစေမှာ အခုလိုကိုယ့်စိတ်ကိုယ် အေးချမ်းဖို့အတွက်
မေတ္တာများများသုံးနိုင်ဖို့လိုတယ် သယ်ရင်း ငါပြောတာ မင်းနားလည်နိုင်မှာပါ ကိုယ့်ဘက်က မေတ္တာများများပေးနိုင်လေ ကောင်းလေပဲ
အရင်ဆုံး ကိုယ့်ကိုကိုယ်မေတ္တာပို့ ကိုယ်အေးချမ်းပြီဆိုရင် သူများကို တွေက ကိုယ့်ကြောင့်ပထမဆုံအနေနဲ့မပူလောင်တော့ဘူး
နောက်ပြီးကိုယ့်ရဲ့အေးချမ်းမှုဟာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ပူလောင်ခြင်းတွေကို လျှော့ပါးသွားစေရင် သူတို့လည်း တဖြည့်းဖြည်း
အေးချမ်းလာလိမ့်မယ် သယ်ရင်း "လို့ပြောလိုက်တယ်
ကျေးဇူးပဲလင်းရာ ငါသဘောပေါက်ပြီ ငါ့ကိုယ်ငါအေးချမ်းအောင်စတင်နေထိုင်တော့မယ် ကွာတကယ်ကျေးဇူးတင်ပါတယ် ခုလိုငါနဲ့ဆွေး
နွေးတိုင်ပင်ပေးလို့လေ ငါပြန်တော့မယ်နော်  ဒီနည်းလေးကောင်းပါတယ် ငါအတတ်နိုင်ဆုံးကြိုးစားပြီးအောင်မြင်အောင်လုပ်မယ်ကွာ
တာ့တာ ပြန်ပြီ ဆိုပြီးနှုတ်ဆက်ထွက်ခွာသွားပါတယ်
သူအိမ်ရှေ့နားရောက်တော့ ကျွန်တော် သတိတရနဲ့ လှမ်းပြောလိုက်တယ် သယ်ရင်း မင်းတစ်ခုတော့သတိထား အရာအားလုံးက ထင်သလောက်မလွယ်ဘူးနော် လွယ်လွယ်နဲ့ဘယ်တော့မှ လက်မလျှော့ပါနဲ့ကွာ

မိမိဘလော့ဂ်မှာ Facebook ရဲ့ Like Button ဘယ်လိုထည့်မလဲ..

ကိုရန်အောင်ရဲ့ပိုစ့်လေးကိုကြိုက်လို့ပြန်တင်ထားတာပါ

မိမိဘလော့ဂ်မှာ Facebook ရဲ့ Like Button ဘယ်လိုထည့်မလဲ..

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…
ကျွန်တော်တို့တွေ မတွေ့ဖြစ်ကြတာလည်း အတော်ကြာသွားကြပြီနော်. ကျွန်တော်လည်း ဘယ်လောက်ပဲ အလုပ်တွေများနေနေ ဘလော့ဂ်လောကကြီးနဲ့ မကင်းကွာနိုင်သေးပါဘူး. တစ်လတစ်ပုဒ်လောက်တော့ တင်ကောင်းနိုင်ရဲ့လို့လေ… ဟတ်ဟတ်.
ဒီတစ်ခါတော့ အားလုံးအတွက် ရိုးရှင်းလွယ်ကူပြီး အသုံးဝင်အဆင်ပြေစေမယ့် ပို့စ်လေးတစ်ခု မျှဝေချင်ပါတယ်. ဘာလဲဆိုတော့ ကိုယ့်ဘလော့ဂ်က ပို့စ်လေးတွေကို စာဖတ်သူတစ်စုံတစ်ယောက် ဖတ်မိပြီး ကြိုက်တယ်ဆိုရင် Like လုပ်လိုက်တာနဲ့ သူ့ရဲ့ Facebook account မှာ ကိုယ့်ပို့စ်လေးက ခေါင်းစဉ်လေးနဲ့တကွ သွားပေါ်နေမယ့် နည်းပညာပိုင်းလေးတစ်ခုပါ. ဒါ့အပြင် ကိုယ့်ပို့စ်ကို ဘယ်နှစ်ယောက်ကများ Like လုပ်သွားသလဲ ဆိုတာလေးကိုပါ ဖော်ပြနေမှာပါ.
ဒါတင်ပဲလား? ဘယ်ကလိမ့်မလဲ.. (အညာလေသံနဲ့ ပြောကြည့်လိုက်တာ)း)
ဒီပို့စ်လေးကိုပဲ တစ်စုံတစ်ယောက်ဆီကို Email ပို့ချင်တယ်ဆိုရင်လည်း ပို့ရတာ လွယ်ကူအဆင်ပြေအောင် Send ဆိုတဲ့ Button လေးကိုပါ တွဲထည့်ပေးသွားမှာပါ.
ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါ…

နေဦးဗျ. ဘာမှမလုပ်ခင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ Concept လေးကို အရင်နားလည်အောင် ကြိုးစားကြည့်ရအောင်လား.. 

ကားစောင့်တာနဲ့ပတ်သတ်လို့ သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့မေးကို ပြန်လည်ဝေမျှပါတယ်ဗျာ ကဲ မှားခဲ့တာရှိလည်းတောင်းပန်ပါတယ်အောင်လတော့မဟုတ်ပါဘူး ခိခိ
London