မ...........


မမြင်ရပေမယ့်
ရင်မှာကြင်ရပါတယ်
မတွေ့ရပေမယ့်
ဝေ့နေတဲ့မျက်ရည်မြေ့ မြေ့ ရှိပါတယ်
မပြုံးနိုင်ပေမယ့်
အမုန်းခိုင်ခိုင်အမြစ်တွယ်ခဲ့ပြီလား
မပြောရဲပေမယ့်သဘောပဲလို့တော့တွေးမိပါသေးရဲ့
မရနိုင်တာလည်း
ငါ့အပိုင်ငါ့စွဲမှမဟုတ်တာပဲလေ
မဖြစ်ခဲ့ပေမယ့်
အပြစ်မဲ့အချစ်မှာ
အနှစ်ရဲ့မေတ္တာကိုသစ္စာဆိုမလား
မထားခဲ့ပေမယ့်
တံခါးမဲ့နှလုံးသားကနေ
အရှုံးများခင်တွယ်လိုက်ရင်း
ရင်ဝယ်ပိုက်ထွက်ခွာသွားခဲ့ပြီ
ဘာပဲဖြစ်ဖြစ်မရယ်
ဘာအကြောင်းကြောင့်ဆိုတာမသိရပေမယ့်
သတိရနေပါတယ်ဗျာ...

အသဲကွဲဇာတ်လမ်း(၁)


ရှေ့ဆက်မယ့် အနာဂါတ်ထဲ
ငါ့အချစ်တွေမင်းအတွက်ပဲလို့
မိုးစက်တို့နဲ့တိုင်ပင်
ငါ့နှလုံးသားလွင်ပြင်မှာ
ခိုင်မာတဲ့ကျောက်တိုင်တစ်ခု
တည်ဆောက်ခဲ့ဖူးတယ်

အသဲကွဲဇာတ်လမ်း(၂)

မင်းနဲ့ငါ့ရဲ့အတိတ်တွေ
ချစ်ခဲ့ကြတဲ့အရိပ်တွေ
ဝေးလေကောင်းလေ
မင်းရဲ့အနမ်းတွေလား
အကြိမ်ပေါင်းများစွာ
အရောင်ပြောင်းသွားခဲ့တာကြာပါပြီင်္
ကြုံတိုင်းပြောတတ်တဲ့
မင်းရဲ့စကားသံတွေ
ယောင်လို့တောင်မကြားခြင်ဘူး
ပတ်သတ်ခဲ့တာတွေ
ကြက်ခြေခတ်ထားတယ်
ကြေကွဲနေမယ်မထင်နဲ့
မင်းအတွက်တစ်သက်စာ
ငါပေးမှာဒါပဲ...
(အမုန်း)

သူငယ်ချင်းလေးဖတ်ဖို့(၇)

မေးထဲကနေ ရတဲ့ဟာကိုပြန်တင်လေးလိုက်တာပါ။ကျွန်တော့်ရဲ့ညီအကိုမောင်နှမတွေအတွက်ရည်ရွယ်ပြီး ပြန်လည်ရှယ်ပေးခြင်းဖြစ်ပါတယ်နော်
မှတ်ထားရမဲ့ (၂၅)ချက်

၁။ ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။
၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။
၃။ မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။
၎။သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး ။ သူသင့်ကိုချစ်တာမှန်ရင် သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆို ရင် သူကသင့်ရဲ့မျက်ရည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။
၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။
ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။

သူငယ်ချင်းလေးဖတ်ဖို့ရေးတဲ့စာ(6)

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်း သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။
(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။
(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင်ကိုယ့်ကိုယ်ပိုပြီး စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကိုရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ် ယုံကြည်မှုတစ်ခုတော့ပေးပါ။

G- talk ===== အကောင့်သစ် ဖွင့်ကြည့်ကြရအောင်ဗျာ....

နည်းပညာ သူငယ်ချင်းတို့ရေ . . .မင်္ဂလာပါ . . . ဒီတစ်ခါတော့ ဂျီမေးလ်အကောင့်ဖွင့်နည်းလေးတစ်ခုကို ဝေမျှလိုက်ပါတယ် . . . ခဏခဏပဲ
ဂျီမေးလ်အကောင့်ဖွင့်နည်းတွေဖတ်နေရပါတယ် . . . ကိုယ်ပဲဥာဏ်မမှီလို့လားမသိဘူး နားမလည်တာ အဆင်မပြေတာ
များပါတယ် . . . ဒီတစ်ခုကတော့ ရိုးရှင်းလွယ်ကူပြီးနားလည်လွယ်လို့သူငယ်ချင်းတွေအတွက်လဲ အသုံးကျမယ်ထင်လို့ပါ . . .
စမ်းကြည့်ကြပါဦး . . . အားလုံးအဆင်ပြေကြပါစေ . . . ပြည်တွင်းက သူငယ်ချင်းများအတွက် အသုံးဝင်မယ့် နည်းလမ်းလေးမို့
ဝေမျှပေးလိုက်ပါတယ်။ စမ်းကြည့်စေချင်ပါတယ်။ အဆင်ပြေရင်လည်း အချင်းချင်း လက်တို့လိုက်စေချင်ပါတယ်။ အကောင့်ဖွင့်ရတာ
မခက်ပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။


၁။ ကိုယ့်မှာ Gmail account
ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။
[ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!


၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create
လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။

၃။ Sign Up ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။

 ၄။ **Internet Explorer
ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။


၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question
စသည် ဖြည့်လိုက်ပါ။

အသဲပုံကြက်ဥကြော်နည်း

ကက်ဥကြော်လေးကို အမြင်ဆန်းဆန်းနဲ့ စားချင်စဖွယ် အသဲပုံလေးလုပ်ပြီးကြော်နည်းပါ။
ဧည့်သည်လာလို့ကျွေးမွေးတဲ့အခါလဲ မျက်နှာပန်းလှတာပေါ့နော်။

ပထမဆုံးကြက်သွန်မိတ်နဲ့မုန်လာဥနီကို သေးသေးလေးတွေဖြစ်အောင်လှီးပေးပါ။

Google Chrome မှာ မြန်မာဖောင့်ပြောင်းနည်း

Google Chrome လေးကို  ဘာလို့  သုံးကြလဲ ဆို၇င် ဒီကောင်လေး မှာ ဆိုဒ်တော်တော်များများကို ဖွင့်၇တာ မြန်ဆန်မှု၇ှိပါတယ်— တော်တော်များများ လဲ အသုံးပြုကြပါတယ်— အဲလို  သုံးတဲ့ အခါမှ ပြသနာ လေးတစ်ခု ၇ှိပါတယ်— ဒါက ဘာလဲဆိုတော့ မြန်မာဖောင့် မပေါ်တဲ့ ပြသနာ ဘဲ ဖြစ်ပါတယ်— အဲဒါကြောင့်  Google Chrome မှာ မြန်မာဖောင့် မပေါ်တဲ့ သယ်ချင်း အတွက် မြန်မာဖောင့်ပြောင်းနည်းလေးကို ဖော်ပြပေး လိုက်ပါတယ်—- မသိသေးတဲ့ သယ်ချင်းများ အတွက်  ဖော်ပြပေးခြင်းဖြစ်ပါတယ်—–
ပြောင်းနည်းလေးကတော့ ဘာမှတော့ မခက်ပါဘူး— အ၇င်ဆုံး Google Chrome လေးမှာ အောက်က ပြထားတဲ့ ပုံလေးကို ကလစ်လိုက်ပါ—

USB ပေါက်လေးတွေကို ပိတ်ထားချင်တယ်ဆိုရင်

ဒီနည်းလမ်းလေး ကတော့ မိမိတို့ ၇ဲ့ ကွန်ပျူတာမှာ USB ပေါက်လေး တွေကို ပိတ်ထားချင်တဲ့ သယ်ချင်း များ အတွက် နည်းလမ်းလေး ဖြစ်ပါ တယ်----- ကွန်ပျူတာ နဲ့ ၇င်းနှီးတဲ့ သယ်ချင်းတွေ တော်တော် များများတော့ သိ၇ှိပြီး ဖြစ်မှာပါ --- မသိသေး တဲ့ သယ်ချင်းများ အတွက် ဖော်ပြပေး လိုက် တာပါ--- လုပ်ပုံ လုပ်နည်း လေးကတော့ အ၇င်ဆုံး my computer ကို right click ထောက် ပြီးရင် manage ကိုရွေးလိုက်ပါ------


ချစ်သူပုံလေးတွေကို Background လှလှလေးတွေနဲ့ပုံဖော်ရအောင်

ဒီဆော့ဝဲလ်လေးကတော့ ချစ်သူပုံလေးတွေကို နှစ်သက်ရာ Background Image ပေါ်မှာ မိမိအသုံးပြုချင်တဲ့ ဓါတ်ပုံကို အပေါ်ကနေ ထပ်ပြီး ခပ်ဝါးဝါးလေး ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ဆော့ဝဲလ်ပဲ ဖြစ်ပါတယ်....ဓါတ်ပုံကို ခပ်ဝါးဝါးလေး လုပ်ချင်တဲ့သူတွေအတွက် အသုံးပြုတဲ့ Free Application လေးပဲ ဖြစ်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်...

Web Site ၀ါသနာရှင်များ သိထားသင့်တဲ့ကုဒ်များ



သင်ရေးထားသောကုတ်များကို webs စာမျက်နှာပေါ်သို့မတင်ခင် Test The HTML Code ကိုနှိပ်လိုက် ပြီး ကုတ်ကို အဲဒီနေရာက Box ထဲကိုကူးထည့်ပြီး
စမ်းကြည့်လို့ရပါတယ်
 ကောင်းနိုးရာရာ ကုတ်လေးများ.......

ဒါကတော့ နောက်ခံဘက်ဂရောင်း အတွက်
ကုတ်လေးပါ..။


<style type="text/css">
body {
background-image: url(ဒီနေရာမှာ
ဘက်ဂရောင်းလင့်လေးထည့်ပါ
) ;
background-attachment:
fixed;
background-repeat:
no-repeat;
background-position:
Bottom; } </style>

ဘယ်ကာားစီးလို့ ဘယ်ခရီးသွားမှာလဲ

လင်းစာဖတ်ရင်းစာသားလေးတစ်ခုတွေ့တယ် သံသရာခရီင်္းသည်ဆိုတာလေးကိုတွေ့တော့ လင်းလည်းစဉ်းစားမိတယ် ၊လင်းတို့အားလုံးကခရီးသည်တွေဖြစ်နေတယ် ကိုယ်သွားမယ့်ခရီးလမ်းကို ကိုယ်ကိုတိုင်ရွေးချယ်ရတယ် (ဓမ္မ=ဓရ သယ်ဆောင်ခြင်း)ဆိုတဲ့စာသားလေးကိုလည်းသွားသတိရတယ် ၊ဒီနေရာမှာ ကျွန်တော်ဥပမာလေးတစ်ခုနဲ့ပြောပြမယ်နော်။ ကျွန်တော်တို့ ကားစီးတယ်ဆိုပါစို့ အဲလိုကားစီးမယ်ဆိုရင် ကိုယ.်လိုတဲ့ခရီးကိုရောက်ဖို့ အတွက် ကားကိုရွေးစီးရတယ် ၊ရန်ကုန်ကနေ မန္တလေးကိုသွားချင်တယ်ဆိုပါတော့ အဲဒါမျိုးဆိုရင် မန်းလေးကိုရောက်မယ့်ကားကိုရွေးစီးရမယ်တကယ.်လို့အဲလိုမဟုတ်ပဲ အခြားကားစီးမိရင်အခြားနေရာကိုရောက်သွားမယ် ဒီလိုပါပဲ ကျွန်တော်တို့ က ဘယ်ကိုသွားချင်တာလဲပထမဆုံးစဉ်းစား စဉ်းစားပြီးရင်ကိုယ်သွားမယ့် ခရီးကိုရောက်မယ့်ကားကိုစီးရမှာပေါ့နော် ကျွန်တော်ဆိုလိုချင်တာက ဘာသာရေးနဲ့ပတ်သတ်ရင်လဲဒီလိုပါပဲ ကိုယ်က ဘာဖြစ်ချင်တာလဲ အရာခပ်သိမ်းငြိမ်းချမ်းပါပြီဆိုတဲ့  နိဗ္ဗာန် ကိုလိုချင်တယ်ဆိုရင်