လူငယ်တွေ ဘာလုပ်မလဲ

မနေ့က လင်း သူငယ်ချင်းတွေနဲ့ချိန်းထားလို့ ဆိုပြီးတော့ လ္ဘက်ရည်ဆိုင်ကိုသွားတယ် လက်ထဲမှာ အင်တာနက်ဂျာနယ်လေးကို ကိုင်လို့ သူငယ်ချင်းတွေစောင့်နေတဲ့  စားပွဲလေးမှာထိုင်လိုက်ပါတယ် ။ ဂျာနယ်လေးကိုစားပွဲပေါ်တင်လိုက်တာနဲ့ သူငယ်ချင်းတစ်ယောက်က ယူကိုင်ပြီး စတင်ဖတ်ပါတော့တယ် ။အဲဒါကို နောက်ထပ်သူငယ်ချင်းတွေက ''မင်းက ဘာသိလို့ ဖတ်တာလဲ ၊ဘာမှလည်းနားလည်တာမဟုတ်ဘဲနဲ့ သူများအထင်ကြီးအောင်လုပ်မနေနဲ့ '' ဆိုပြီးတစ်ယောက်တစ်ပေါက်ဝိုင်းပြီး ပြောကြတယ် ။        အဲဒီမှာ ကျွန်တော့်သူငယ်ချငိးပြန်ပြောတာလေးကို ကျွန်တော်သဘောကျသွားလို့ ဒီပိုစ့်လေးကို တင်ဖြစ်လိုက်တာပါ ။                       သူပြောတဲ့စကားလေးက ရိုးရိုးလေးပါ "အေး ငါကဘာမှတော့မတတ်ဘူး ဒါပေမယ့် ခုလိုစာဖတ်ထားတော့သူများလိမ်တာတော့မခံရဘူး သူများပြောတဲ့အချိန်မှာ ကိုယ်လဲလိုက်ပြောနိုင်ရမယ် ၊မင်းတို့ နိုင်ငံခြားရောက်ဖူးမှ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေသိတာမဟုတ်ဘူး စာဖတ်ပြီးတော့လည်းသိနိုင်တယ် စားများများဖတ်ပေးပါ မအ ရအောင်လို့ စာဖတ်ပေးတာကွ အေး ငါက အတန်းကျောင်းမပြီးခဲ့ဘူး ဘွဲ့ မရခဲ့ဘူး ဒါပေမယ့် အချိန်ရရင် ရသလို ငါစာဖတ်ပေးတယ် သူများတန်းတူ ပြောနိုင်ဆိုနိုင်အောင် ငါ ဗဟုသုတ ရမယ့်စာတွေဖတ်ခဲ့တယ်  ဘွဲ့ရ ပညာတတ်မဟုတ်ပေမယ့် ငါဟာနဲ့ ငါ ပညာရှာခဲ့တယ် '' ကျွန်တော် သူပြောတဲ့စကားလေးတွေကိုသဘောကျလို့ ပြန်ပြီးရှယ်လိုက်တာပါ