နွေအိပ်မက်

ခြောက်ခမ်းနေတဲ့ ရေအိုင်တစ်ခုရဲ့ ပြည့်စုံခြင်းမျိုးနဲ့ 
ငါ့နှလုံးသားပတ်ကြားအက်တွေကြားမှာ   
အလွမ်းတွေကို ပုံစံအမျိုးမျိုးနဲ့ ဖြန့် ကြဲထားတယ်
နွေခေါင်ခေါင်ရွာမယ့် မိုးကိုမျှော်ရင်း
ဒီအလွမ်းတွေ စိုစွတ်လာမယ့်တစ်နေ့တော့
ငါ့အချစ်ရပ်ဝန်း စိမ်းဖန့်ဖန့်မှာ
မင်းရဲ့အငွေ့အသက်တွေအများကြီးပါတဲ့
အိပ်မက်ဆန်သောကြာပင်တွေ
ပေါက်ရောက်ကောင်း ပေါက်ရောက်နိုင်မယ်လို့
ငါလွဲမှားစွာ ယုံကြည်နေမိတယ်

ဒေါင်းလုပ်ဆွဲဖို့ စာအုပ်လင့်လေးတွေပါ

မရှိသေးတဲ့လူများ မသိသေးတဲ့လူများအတွက်ရည်ရွယ်ပါ
တယ်

ကိုတာ _ တွေးသူများ <http://www.mediafire.com/?1jjyyym5tg4>

ကိုတာ + _ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း <http://www.mediafire.com/?
yixwmthjuyy>

ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း <http://www.mediafire.com/?zx3o2vjjyzi>

ကင်းဝန်မင်းကြီး _ နေမိ ရကန် <http://www.mediafire.com/?zzymm44hzdn>

 ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့်အက်ဇခါဘန်အကျဉ်းသား <http://
www.mediafire.com/?mtemx2zdi2m>

 အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း<http://www.mediafire.com/?
uycngy2gmqz>

ခင်ဆွေဦး _ စစ်ကိုင်းသမီး ဒိုင်ယာရီ <http://www.mediafire.com/?
numgzmwez1x>

ခင်မောင်အေး _ ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်ချက်များ<http://
www.mediafire.com/?jgnu0mnx2ow>




ချစ်နိုင် _ အနှစ် ၃၀ <http://www.mediafire.com/?t2znzmhoott>

ပေးဆပ်ခြင်းနဲ့ ပျော်ရွင်သူ

ကျွန်တော့သူငယ်ချင်း ပေါလ် မှာ ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အကိုကြီးထံမှ ကားတစ်စီးရသည်။ ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ် ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။

``ဒါ အကို့ ကားလား `` တဲ့။

ပေါလ် က ခေါင်းငြိမ့်ပြီး ``အေးကွ  ၊ ငါ့အကိုက ခရစ္စမတ်လက်ဆောင်ပေးတာ``ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။

ခေါင်းဆောင်မတင်ထိုက်သူခြောက်မျိုး..

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း


၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

Samsung Galaxy Ace S-5830 ကို ROOT လုပ်နည်း

ဖုးစာရှင်လေးဆိုဒ်မှ ကိုအောင်ခိုင်မိုးရဲ့ ပို့်စ်လေးတစ်ပုဒ်ဖြစ်ပါတယ်

ကျွန်တော် နောက်ပိုင်း ဖုန်းတွေကို Root လုပ်နည်းနဲ့ Version မြှင့်နည်းလေးတွေ အားတဲ့အချိန်တိုင်း ရေးပေးသွားပါမယ်။ ခုတော့ ကျွန်တော် Samsung Galaxy Ace ကိုင်တဲ့သူတွေအတွက် Root လုပ်နည်းလေး ရေးပေးသွားပါမယ်။ ခုတော့ကျွန်တော် Root လုပ်နည်းနဲ့ ဘာကြောင့် Root လုပ်ရတာလဲဆိုတာကို ရေးပေးသွားပါမယ်။

ပေါ့ပေါ့ပါးပါးဟာသများ

မယူခင်ကတည်းက
ကောင်မလေး။ ကျွန်မနဲ့ လက်ထပ်မယ်ဆိုရင် အရက်ဖြတ်မှာလား။
ကောင်လေး။ မင်း ဖြတ်စေချင်ရင် ဖြတ်ပါ့မယ်။

ကောင်မလေး။ ဒါဆိုရင် ဆေးလိပ်သောက်တာလည်း ဖြတ်ရမယ်နော်။
ကောင်လေး။ အင်း....မင်းသဘောလေ။ ဖြတ်ပါ့မယ်။

ကောင်မလေး။ ညဘက်တွေ အပြင်ထွက်တဲ့ အကျင့်ကိုလည်း ဖြတ်ရမယ်။
ကောင်လေး။ (ဒေါသသံဖြင့်) အေးကွာ... ဖြတ်မယ်။

ကောင်မလေး။ ဒါဆို အကုန် ဖြတ်ရမယ်နော်။
ကောင်လေး။ ဖြတ်မယ်ဟေ့။ မင်္ဂလာဆောင်မယ့်နေ့ကိုပါ ဖြတ်မယ်။
~~~~~~~~~~~~~~~~~~~~~-------------------------------------------------------------------------------------------------------

City FM 9th Anniversary

သူငယ်ချင်းရေ .. ဒီခရီးမဝေးပါဘူးကွာ

7ရက်နေ့ က ကျွန်တော်လိုင်းပေါ်မတတ်ဖြစ်ဘူး ကိစ္စတစ်ခုပေါ်လာလို့လေ မနေ့က လိုင်းပေါ်တတ်လိုက်တော့ အားလုံး ကျွန်တော့်ကြောင့် ကမောက်ကမဖြစ်ကုန်တာ။  စိတ်လည်းတော်တော်လေးညစ်သွားတယ်၊ထားလိုက်ပါတော့ ဒီကိစ္စတွေကို ၊
အဲ  လင်း7ရက်နေ့မနက်ကြီး လင်းသူငယ်ချင်းတွေရောက်လာတယ် ၊ဘော်ဒါတစ်ယောက် ညက ဆုံးသွားလို့တဲ့၊ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တာတဲ့လင်းစိတ်မကောင်းဖြစ်သွားတယ် ဟုတ်တယ်လေ ညနေခင်းကမှ အတူတူ တီးဆိုင်ထိုင်ပြီး စကားတွေပြောကြသေးတယ် ၊မနက်ရောက်တော့ ဆုံးပါးသွားပြီတဲ့ ၊လင်း သူပြောတဲ့စကားတစ်ခွန်းကိုအဲဒီအချိန်မှာသွားပြီး သတိရတယ်၊ လင်းသင်္ကြန်တွင်း တရားစခန်းဝင်ရအောင်လို့ သူ့ကိုတိုင်ပင်တဲ့အခါ သူပြောတဲ့စကားလေ ကိုလင်းရာ ငါတို့ခုမှ ငယ်ငယ်လေးပဲရှိသေးတာကို ခုချိန်မှာကာင်းကောင်းကဲရမှာနောက်မှ အသက်ရလို့ ကဲချင်ရင် ကဲမကောင်းတော့ဘူး အချိန်တွေအများကြီးကျန်ပါသေးတယ်ကွာ နောက်လုပ်လည်းရပါတယ် ခုတော့ ပျော်ပျော်နေတာပဲကောင်းပါတယ် မင်းပါလိုက်ခဲ့ ပါလားကွ ပျော်စရာကြီး ဘော်ဒါတွေအားလုံးအစုံပဲ ကဲရမှာ ၊မင်း အဲဒီအလုပ်တွေကို နောက်မှလုပ်ပါကွာ လိုက်ခဲ့နော် ငါတို့နဲ့ အချိန်တွေကျန်ပါသေးတယ်" လင်းနားထဲ ပြန်လည်ကြားယောင်နေတယ် ၊အော်သူငယ်ချင်းရယ် ဒီခရီးနီးနီးလေးဆိုတာကို မင်းမသိလိုက်ဘူးနော် အချိန်တွေအများကြီး ကျန်သေးတယ်ဆို  ခုမှတော့ဘာမှလုပ်လို့မရတော့ဘူး ငါတို့အားလုံးဆုတောင်းပေးပါတယ် ဖြစ်လေရာရာဘ၀မှာ မင်း ဒီခရီးကို အဝေးကြီးလို့ မထင်မိပါစေနဲ့လို့ အားလုံး ဆုတောင်းပေးလိုက်ပါတယ်ကွာ
ကျွန်တော့်သူငယ်ချင်းရဲ့ နာရေးကိုသွားရောက်လုပ်ကိုင်ကူရင်း လင်းခံစားမိတာလေးကိုရေးလိုက်တာပါ လင်း အဲဒီနေ့က သွားရောက်လုပ်ကိုင်ကူရင်း နောက်ရက်ရောက်တော့ လိုင်းပေါ်တတ်တော့ လင်းအိမ်လေး သူများလက်ထဲပါသွားတယ် ယုံကြည်မှု ကိုအလွဲသုံးစားလုပ်ခံရတာပေါ့ လင်း နောက်ဘယ်သူ့ကိုမှ မယုံရဲအောင်သူက သင်ခန်းစာပေးသွားတာ သူ့ကိုလည်းကျေးဇူးတင်ပါတယ် အဲလို လူတွေအားလုံးအပေါ်ကို ယုံကြည်စွာ မဆက်ဆံသင့်ဘူးဆိုတာ လင်းနားလည်သွားပြီ                    ခင်မင်မှုများစွာဖြင့်                                       
                                                                                                                   ♥♥♥လင်း♥♥♥

ကိုးယောက်မြောက်ချစ်သူ – အီနို

အောက်တိုဘာလ (၂၉) ရက်နေ့က ဆာကူရာတာဝါမှာ ပြုလုပ်ခဲ့တဲ့ မျက်နှာသစ်အဆိုရှင် အီနို ရဲ့ တစ်ကိုယ်တော် စီးရီး “ကိုးယောက်မြောက်ချစ်သူ” မီဒီယာ မိတ်ဆက်ပွဲ

Myanmar New Face Singer, Eno

မတည့်အတူနေ – ဆုပန်ထွာ

ကိုယ့်ဘ၀နဲ့ကိုယ်- ဂျေမီ

အရှုံးရဲ့  အချိန်အဆ

လိုချင်တာမရတာ ဘ၀ဆိုရင်လည်း
ဖြစ်တည်ခွင့်ဆိုတာကို ငါမတပ်မက်တော့ဘူး
ငါ့မနက်ဖြန်တိုင်းအတွက် အပြုံးခပ်ယဲ့ယဲ့ကိုလည်း
မင်းကလွဲပြီးတခြားသူတွေကိုပေးဖို့
ငါတစိုက်မက်မက် မပြင်ဆင်ရသေးဘူး
ရှုံးနိမ့်မှုတွေများလွန်းလာတော့
အရေထူလာတဲ့ နှလုံးသားက
ပေါက်ကွဲမှုတွေကို တင်းခံနိုင်ပေမယ့်
မင်းကြည့်တတ်ရင်မြင်ပါလိမ့်မယ်
ငါ့မျက်ဝန်းမှာ အရင်ကထက် စိုထိုင်ဆ
ပိုမိုများလာနေပြီလေ

မုဒိတာ အပြုံး

နှစ်ပေါင်းများစွာ စွဲလမ်းမှုကို
မိနစ်ပိုင်းအတွင်း တိုက်ခိုက်ခဲ့တဲ့ ကံကြမ္မာရဲ့ 
ရက်စက်ရိုင်းပြမှုကို ငါ့နှလုံးသားက
ယဉ်ကျေးစွာပဲ တုန့်ပြန်ပါရစေ♥♥♥

ဘာပဲဖြစ်ဖြစ် အချစ်ကိုတော့ ထူထဲစွာ ကာရံထားတယ်
ရှင်းရှင်းပြောရရင် ဟန်လုပ်ပြီး ပြုံးရတာကို
ဝါသနာမပါဘူး ဒါပေမယ့် မင်းအတွက်
အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းခဲ့မယ်ဆိုရင်
နှလုံးသွေးတွေ စိမ့်ကျယိုစီးနေပါစေ
လူမြင်အကောင်းဆုံး အပြုံးတစ်ခုကို
ငါ ... အတတ်နိုင်ဆုံး ပြုံးပြပေးမယ်
ဒါကိုတော့ ယုံလိုက်ချစ်သူ♥♥♥

နေရာပေးမှာလား နေရာယူမှာလား

လင်းလဲ ရန်ကုန်ရောက်ကတည်းက အင်တာနက်ဆိုက်ဘက်ကိုခြေဦးလှည့်မိဘူး အသားကျအောင်အရင်လုပ်ယူနေရတယ် အခန်းကနေမထွက်ဖြစ်တဲ့အချိန်တွေဆိုရင် စာအုပ်ဖတ်တယ် သူငယ်ချင်းတွေနဲ့စကားပြောတယ် နယ်ကသူငယ်ချင်းတွေနဲ့ ဖုန်းဆက်စကားပြောတယ်တစ်ရက်ကတော့သူငယ်ချင်းတစ်ယောက် လင်းဆီကိုဖုန်းဆက်လာတယ် သူ့အလုပ်ကိစ္စနဲ့ ပတ်သတ်တာတွေကို ဆွေးနွေးမလို ဆိုပြီးတော့ သူဖြစ်နေတဲ့ အကြောင်းတွေကို တိုင်ပင်ပါတယ် သူငယ်ချင်းက သူအလုပ်မှာ ပင်ပန်းတဲ့ အကြောင်း စိတ်ဖိစီးမှုတော်တော်များကြောင်း ပင်ပန်းလွန်းလို့အလုပ်တောင်မလုပ်ချင်ကြောင်း ထိုင်ငြီးနေတယ် ဘယ်လိုလုပ်သင့်လဲ ဆိုင်္ပြီး တိုင်ပင်လို့ လင်းလည်း ဖတ်ဖူးတဲ့ စာအုပ်လေးထဲက စာသားလေးနဲ့ သူကိုပြောပြလိုက်တယ်
ဆရာဦးအောင်သင်းပြောနေကြစကားလေးပါ ဥပမာအနေနဲ့ဆိုရင် သစ်သားတုံးတစ်တုံးကို သံနဲ့ရိုက်လိုက်ရင် သစ်သားတုံးက သံရဲ့ မာကျောမှုကြောင့် သူ့ရဲ့နေရာကို ဖယ်ပြီး သံကိုအ၀င်ခံလိုက်ရတယ် အဲလိုပဲ အဲဒီသံနဲ့ ကျောက်တုံးကို ရိုက်လိုက်ရင်ကျတော့ ကျောက်တုံးရဲ့ မာကြောမှုကြောင့် သံချောင်းကနေရာယူလို့မရ ဘူး ငါတို့ဘ၀မှာလဲ ဒီလိုပဲ မာကျောအောင် sharp ဖြစ်အောင် အမြဲ ကြိုးစားနေရမယ် အဲလိုအမြဲ မာကျောနေဖို့အတွက် ကြိုးစားတဲ့အခါမှာ ခက်ခဲမှုတွေတော့ကြုံမှာပေါ့ အဲဒါကို မခံနိုင်ရင် မင်းရထားတဲ့နေရာ
ကိုမင်းထက်မာကျောတဲ့သူက ယူသွားလိမ့်မယ် မင်းကပျော့ညံနေရင် မင်းနေရာကိုသူများယူသွားမယ် အဲဒါကိုသေချာစဉ်းစားပါ မင်းက နေရာယူမှာလား နေရာပေးမှာလား ဆိုတာကိုသေချာတွေး ဟုတ်ပြီလား လင်းရဲ့ သူငယ်ချင်းအားလုံးကိုလဲ သေချာတွေးစေချင်တယ် လောကကြီးမှာ နေရာတစ်ခုယူမယ်ဆိုရင် သူ့ဟာနဲ့သူ အရင်းအနှီးဆိုတာပေးဆပ်ရမယ် ကြိုးစားအားထုတ်မှုတွေလုပ်ရမယ် အခက်အခဲတွေကို
ရင်ဆိုင်ကျော်လွားနိုင်ရမယ် အခက်အခဲကြုံလို့ စိတ်ညစ်ပြီးမလုပ်ချင်တော့ဘူး ဆိုရင် သေချာတယ် ခင်ဗျားတို့နေရာကိုသူများကိုပေးရမယ်  ဒီတော့ နေရာပေးမလား နေရာယူမလားဆိုတာကိုသေချာဆုံးဖြတ်ပါလို့ လင်းတိုက်တွန်းရင်း
                                                                                                         ခင်မင်မှုများစွာနဲ့
                                                                                                              လင်း