To My Honey


သာယာတဲ့နေ့တစ်နေ့ ပျော်ရွင်ပေမယ့်
ချစ်သူအနားမှာရှိ၍ပျော်ရွင်ခြင်းကား
ပို ၍သာယာတယ်..
ထို့ကြောင့်သာယာတဲ့နေ့ကိုငါမချစ်
ချစ်သူကိုသာ ငါချစ်၏.....♥♥♥

ချစ်သူဖို့သီချင်းလက်ဆောင်လေးတွေပါ

သူ ငယ် ချင်း တို့ ချစ် တတ် လား ???
ကဲ ချစ် တတ်သူတွေအတွက် ဟောဒီမှာ အချစ်သီချင်းတွေ ..
ကြိုက်တဲ့သီချင်းလေး တွေကိုရွေး ပြီးတော့ ကိုယ့်ရဲ့ ကောင်မလေး/ကောင်လေး တွေဆီပို့ ပေါ့ .
သူတို့ပျော်မှာပါ ဘာလို့လဲဆိုတော့ အချစ်ဆိုတာကို လူတိုင်း မျော်လင့်တောင်းတခဲ့ဖူးကြတယ်မဟုတ်လား..

Flash

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ

ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်နော်
Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါMemory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ ။ Memory Stick ထိုးလိုက်ရင် Autorun.inf တို့  Recycled.exe တို့ 
Rundll32.exe တို့ ပေါ့ ။ ဒီ Virus တွေကို USB Disk Security တွေမှာလာပြတယ် ။ အဲဒီထက်ကိုအရမ်းကောင်းပါတယ်ဆိုတဲ့ Kasper ကတောင်မဖျတ်နိုင်ဘူး ။ USB Disk Security မှာ Delete လုပ်လဲ တချိုဟာတွေဆို Delete လုပ်လို့ ကိုမရဘူး ။ ဒီတော့ဘာ software မှာသုံးဖို့မလိုပဲ ကျွန်တော်ပြောတဲ့နည်းလေးတိုင်းစမ်းကြည်လိုက် ။ အားလုံးကိစ္စချောပြီး ရှိသမျှ Virus တွေအကုန်သေစေရမယ် ။ ( ဟဲ ဟဲ Virus ဆိုတဲ့အကောင်းသာစကားပြောတက်ရင် ကျွန်တော် ကိုထဆဲမယ်ထင်တယ် )
လုပ်ပုံလုပ်နည်းလေးရှင်းပြမယ် လိုက်လုပ်ကြည်ပါ ။
- Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး လွယ်တယ် Bat file နဲ့  Command ရေးပြီးရှင်းတဲ့နည်းပါ ။
-အရင်ဆုံး Notepad တခုကိုဖွင့်လိုက်ပါ ဖွင့်ပြီးရင်တော့ ကျွန်တော် အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူလိုက်ပါ ။

ဖခင်သို့ တမ်းချင်း

အာဇာနည် အလေးပြု

ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။
(မင်းသုဝဏ်)
(၄၊ ၁၊ ၁၉၅၃)
(အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ )

သတိရတယ် ဖခင်ရယ် နိုင်ငံအတွက် ပေးဆပ်ရှေ့ ဆောင်လမ်းပြ ကြယ်တစ်စင်းထွန်းလင်းခဲ့တယ်အချိန်တွေပြောင်းလဲ  အမှောင်တွေချခဲ့လည်း သားတို့ရင်ထဲ အစဉ်အမြဲ ထွန်းလင်းဆဲပါ အာဇာနည်ဆိုတာ မိမိအကျိုးကိုမငဲ့ သူတစ်ပါးအကျိုးအတွက် ပေးဆပ်ရဲတာ  အာဇာနည်တဲ့ ဖခင်ပြောတဲ့စေတနာစကားတွေ မိန့်ခွန်းတွေဖတ်ပြီးသားတို့ ရင်ထဲ ရဲရင့်ခဲ့ကြတယ် မှန်ကန်ခဲ့ကြတယ် တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးစားခဲ့တဲ့ဖခင်ရဲ့ ဘ၀ အကြောင်းနားထောင်မိတော့ စိတ်မကောင်းကြီးမိတယ် ဖခင်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့စိတ်ထားကိုလေးစားမိတယ် မိန့်ခွန်းတွေထဲမှာ ဖခင်ရဲ့တိုင်းပြည်ချစ်စိတ်တွေ အရောင်ပြန်ဟပ်နေတယ် ဖခင် ၊ခုနှစ်တွေလဲတိုက်စားသွားလိုက်တာ ခုဆို 65နှစ်တောင်ရှိသွားပြီ ဒီကြားထဲမှာ ဖခင်ကိုဘယ်လောက်ပဲ မေ့အောင် လုပ်ထားလဲပဲ အားလုံးရဲ့ရင်မှာ ဖခင်ကိုဘယ်တော့မှမမေ့ တမ်းတဆဲပါ ဖခင် ၊ သားဖခင်ရဲ့မိန့်ခွန်းတစ်ခုကိုဖတ်ပြီး ဖခင်ရဲ့ မျှတတဲ့စိတ်ဓာတ် ၊အာဏာကိုမမက်မောပဲ တိုင်းပြည်ရဲ့ တိုးတတ်မှုကို
အားပေးတဲ့စိတ်ဓာတ်တွေကိုသွားမြင်တယ် ဖခင်ရဲ့ဒီလိုစိတ်ဓာတ်တွေကြောင့်တိုင်းပြည်ရဲ့ ရင်ထဲမှာဖခင်ရဲ့ နာမည်ကိုကမ္မည်းတင်ထားလိုက်ပြီ ဘယ်လောက်ဖျက်ဖျက်မပျက်နိုင်ဘူး ဘယ်လောက်ပဲ
အမှောင်ချထားအမြဲလင်းလက်နေခဲ့တယ် ဖခင်၊ ဖခင်ရဲ့ မိန့်ခွန်းတစ်ခုကို ပြန်လည်ခံစားရင်းနဲ့ အားလုံးဖတ်ဖို့ တင်ပေးလိုက်ပါတယ်

♥♥♥အထီးကျန်♥♥♥











လွမ်းနေတဲ့သူကို
နှုတ်ခမ်းတွေနဲ့ လေပူမမှုတ်ပါစေနဲ့ တော့
အခါခါသက်ပြင်းမော
တစ်ဘာသာ သူ့သဘောအတိုင်းမျောပါစေ
တဆစ်ဆစ် ဒဏ်ရာတွေလည်း
ဝေဒနာသဏ္ဍာန်ကို လှစ်ဟပြမနေနဲ့ တော့♥♥♥
ချစ်နေဆဲ နှလုံးသားအတွက်
ကျောချင်းကပ် အရှုံးများ
မကြင်နာသူအမုန်းပွားလည်း နေပါစေ
စူးမိတဲ့ အသည်းမှာ
ပုလဲမျက်ရည် ငါ့ဘ၀အမည်းစက်ပဲရှိပါစေ
လက်ကျန်နေ့စွဲတွေကြား
မင်းဥပေက္ခာတွေပဲ ငါနပ်မှန်မှန်စားသုံးပါရစေ♥♥♥♥

♥♥♥အလွမ်းနေ့ စွဲ♥♥♥


အလွမ်းတစ်ခုရဲ့ ဒိုင်ယာရီမှာ...
အတိတ်ရဲ့ အနမ်းနေ့ စွဲတွေ
ပါဝင်နေမယ်ဆိုတာ
ဘယ်သူငြင်းနိုင်မလဲနော်
်۩ ۩ ۩ ۩ ۩ ۩ ۩ ۩ ۩
တိုးညှင်းစွာ တံခါးခေါက်သံနဲ့ 
ဘယ်သူလဲ ရေရေရာရာ မသိနိုင်သေးခင်
ငါ့နှလုံးသားထဲ မင်းဝင်ရောက်လာခဲ့ တယ်....
အချစ်ဆိုတာ ဘာလဲ
သေသေချာချာမသိနိုင်သေးခင်
ငါ့နှလုံးသားထဲ မင်းဝင်ရောက်လာခဲ့တယ်..

မျှော်လင့်ချက်

မျှော်လင့်ချက်
မျှော်လင့်ချက်တွေ များလွန်းတော့...
ဘ၀က ခါးတယ်၊
မျှော်လင့်ချက်တွေ နည်းလွန်းတော့...
ဘ၀က ချွဲကျိကျိ၊
မျှော်လင့်ချက်တွေ ရိုက်ချိုးတော့...
ဘ၀က ခေါက်ရိုးကျိုး၊
မျှော်လင့်ချက်တွေ ဆုံးရှုံးတော့...
ဘ၀က လုံးပါး..ပါးသွား၊
မျှော်လင့်ချက်တွေ ဖြစ်မလာတော့...

ဖြူစင်တဲ့ ကလေးတွေကိုဘယ်သူအရောင်ပြောင်းလိုက်တာလဲ

ကျွန်တော်စာရေးရင် အပြင်ဘက် လက်တွေ့ ခံစားမိတာတွေကိုရေးတာများတယ် ခုလည်းတစ်ရက်က ရုံးက လွှတ်လို့ဆိုပြီး လှည်းကူးမြို့ ငါးဆူတောင်ဘုန်းတော်ကြီးပညာသင်ကျောင်းကိုရောက်သွားခဲ့ပါတယ် အဲဒီမှာ စာသင်ဆောင်ဆောက်လုပ်နေတာကိုသွားပြီးကြည့်ကြက်ဖို့ သွားတာပေါ့နော် ကျွန်တော်လည်း ပထမဆုံးရောက်တဲ့အခေါက်ဆိုတော့ ဟိုစူးစမ်းဒီစူးစမ်းပေါ့ ကျောင်းပိတ်ရက်ဆိုတော့ ကျောင်းသားတွေ မရှိဘူး ရှင်းနေတာပဲ ကျောင်းထဲကိုဝင် ဦးဇင်းကိုဝတ်ပြု ကျောင်းထဲမှာကျွန်တော့်အတွက်ပေးထားတဲ့နေရာလေးကိုသွား ပစ္စည်းတွေထား ပြီးတော့ ကျောင်းထဲမှာ လမ်းလျှောက်ရင်းနဲ့ ကျောင်းအိမ်သာတွေဘက်ကိုရောက်သွားတယ် ကျောင်းအိမ်သာမှာ စာလေး တွေရေးထားတယ် အိမ်သာတစ်လုံးစီမှာ မူလတန်း၊ပထမတန်း၊စသဖြင့်ပေါ့ နော် နောက်ရက်ကျောင်းတတ်ချိန်ရောက်တော့မှ ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကိုရောက်တော့မှာပေါ့နော် ကဲ ကျောင်းတတ်ရက်ရောက်ပြီထားလိုက်ပါတော့ အဲဒီနေ့ က ကျွန်တော်တို့ စာသင်ကျောင်းဆောက်နေတာက အမိုးတွေဆင်နေတဲ့အချိန်၊ လက်သမားဆရာတစ်ယောက်က ဆရာလေးကျွန်တော်ကိစ္စသွားရှင်းလိုက်ဦးမယ်ဆိုပြီး အိမ်သာကိုထွက်သွားတယ် ။ခဏနေတော့ ကလေးတစ်ယောက်ရောက်လာတယ် ကလေးက အိမ်သာရှေ့မှာ တ၀ဲလည်လည်နဲ့ဟိုသွားလိုက်ဒီသွားလိုက်လုပ်နေတယ် ပထမတော့ကျွန်တော်သတိမထားမိဘူး နောက်သတိထားမိတော့ ကလေးဘာလုပ်နေပါလိမ့်ဆိုပြီးစောင့်ကြည့်နေမိတယ် ။လက်သမားဆရာ ကိစ္စရှင်းပြီးထွက်လာတော့မှပဲ ကလေးလေးက အဲဒီအိမ်သာထဲဝင်သွားတယ် ။သူထွက်လာတော့ ကျွန်တော်က ကလေးကို သား ခဏလာပါဦး စောစောက သား ဘာလို့ဟိုဘက်က အိမ်သာတွေကိုမ၀င်တာလဲ လို့မေးမိတယ် ကလေးက

သေချာစဉ်းစားပြီး စံလေးတစ်ခုတော့သတ်မှတ်သင့်ပြီညီမလေးရေ

ဒီပို့စ်လေးအတွက် လင်းကိုအားလုံးဝိုင်းပြီးမေတ္တာမပို့ဖို့တောင်းပန်ပါတယ်နော် လင်းမနေနိုင်လို့ရေးလိုက်မိတာပါ အားလုံးသောမြန်မာမိန်းကလေးများက လင်းတို့ရဲ့ အမတွေ ညီမတွေလို့ သတ်မှတ်လို့ရေးလိုက်မိတာပါ ။ကြိုတင်တောင်းပန်ထားတာပါနော် လင်းအားလုံးကိုချစ်လို့ ပြောတာလို့နားလည်စေချင်ပါတယ် ။လိုရင်းကိုမရောက်တော့ဘူး ပြောနေတာက တစ်ရက်က လ္ဘက်ရည်ဆိုင်ထိုင်ရင်း တစ်ဖက်က လုငယ်ကောင်လေးတွေပြောတဲ့စကားလေးတွေကနေ ဒီစာလေးကိုရေးဖြစ်သွားတာပါ ။အဲဒီမှာ သူတို့ပြောတဲ့စကားကို လင်းနားထောင်နေမိတယ် ဘာရယ်မဟုတ်ဘူး စပ်စုတာပေါ့ :-) သူတို့တစ်ယောက်နဲ့တစ်ယောက်ကောင်မလေးတွေနဲ့ ဖြစ်ပျက်ဖြစ်ပျက် သဘောတရားတွေကိုဆွေးနွေးနေကြတာ ကောင်လေးတစ်ယောက်ကပြောတယ် သူအခုလက်ရှိကောင်မလေးကိုအဆက်ဖြတ်လိုက်တဲ့ အကြောင်း အဲဒီကောင်မလေးက လမ်းခွဲစကားပြောချိန်မှာပြန်ပြောတဲ့စကားက
''နင်တို့ယောက်ျားလေးတွေက အိုင်တွေ့တိုင်းခြေဆေးချင် တာ ပဲဆိုပြီးပြောတယ်

ရှိသမျှ Gmail Account အားလုံးကို Browser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်


 ဒီ Post လေးက ကျွန်တော့် ဆရာသမား ဆရာ ထက်ဇော်ရဲ့ MMiTD က Post လေးကို သဘောကျလို့ပြန်ပြီးမျှဝေတာပါ။
ရှိသမျှ အကောင့်တွေနဲ့  Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။

ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

လွမ်းသူ့ စာခွေ


ရနံ့ တွေ နိုင်ပွဲဆက်တဲ့အချိန်
၇မ္မက်ရှိုက်သံတွေနဲ့အတူ
ငါတစ်ယောက်ထဲလေ...
အရင့်သန်ဆုံး အလွမ်းစာရင်းမှာ
လူဆန်ဆန်ထက်ပိုပြီး
အကွဲအလွဲမရှိ မငြင်းဆန်ပဲ
ငါ...လွမ်းတယ်...
ငါ့သက်ပြင်းနဲ့ ကျွမ်းလောင်ခဲ့တဲ့ ပန်းတစ်ချို့ 
အလုံအလောက် အားနာ
ပြောရရင်
နွေပူပူ ဖုန်ထူထူ တမာပန်းနံတွေ
ရဲရဲဝင့်ဝင့် ငါ့ကိုမနှိပ်ကွပ်ရက်...
ညဥ့်ငှက်တွေရဲ့ စူးရှရှ အော်သံတွေလည်း
ငါ့အနာဂတ်ကို မနှစ်မြုပ်နိုင် ...
ယုံကြည်ပါတော့...

ဝေးကွာခြင်းခံစားချက်

ဝေးကြပြီဆိုတဲ့နောက်
အလွမ်းသင့်မှာကိုသိနှင့်ပါတယ်
မဆုံနိုင်တဲ့ အစွန်းနှစ်ဘက်မှာ
သိပ်လည်းကြေကွဲမနေပါနဲ့
မြင်လျက်နဲ့ မကြင်ခဲ့ရတာ
ကံကြမ္မာကြောင့်ပဲ ဆိုပါတော့
အကြည့်တစ်ချက်နဲ့စခဲ့တဲ့ ဇာတ်လမ်း
ဇာတ်သိမ်းခန်းပျောက်နေပါရော့လား
ကြေလွင့်ခဲ့ရ ရော်ရွက်ဝါဘ၀မှာ
နောက်ထပ်တောင်းဆိုစရာ မရှိနိုင်ပါဘူး
ဝေးကွာခဲ့ရ ချစ်သူတို့ဘ၀ဟာလည်း
မမေးစမ်းနဲ့ ခံစားရသိပ်ခက်တယ်