တမ်းတခြင်းနောက်



ပြီးဆုံးခဲ့ပြီဆိုတဲ့အတိတ်
မျက်ဝါးထင်ထင် မြင်နေရတာ
နှလုံးသားရဲ့ဆွဲလန်းမှုလား?
ဒါမှမဟုတ်....
အချစ်တစ်ခုရဲ့ ရူးသွပ်ခြင်းလား?

☻☻အရင်းအနှီး☻☻



သံယောဇဉ် တစ်မျက်နှာစာနဲ့
အချစ်ကိုအတိုချုပ်ကြည့်တော့
ငါ....နည်းနည်းခါးသွားတယ်...
အနောက်ဘက်မှာအမုန်းတွေကို ဖွက်ထားရင်း
နင့်ကိုငါ့ ပြုံးရင်းမုန်းမယ်
ဆုတောင်းသံတွေရဲ့ အဆုံး
ငါ့စကားလုံးတွေ သဂြိုလ်ပစ်

♣♣နိဂုံး♣♣



ကံကြမ္မာကို ယုံစားလို့
တိမ်တစ်အုပ်ကို ကျောင်းမိတယ်။
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်မှ
ခပ်နက်နက်ကြီးစိုက်ဝင်နေတာ
ဝေးလွင်းခြင်းရဲ့ မြားပေါ့...။

ကသောကမျော ဖြတ်ပြေးတဲ့နတ်ဆိုး
ကျိန်စာဆိုသွားလားမသိ
အိပ်မက်ရဲ့ နိဂုံး ငေးရုံလေးငေးရင်း
သူမနဲ့လောကကြားမှာ ချွတ်မရတဲ့ အစွဲတွေနဲ့ 
အသိဥာဏ်က သေတစ်ဝက်ကြေတစ်ဝက်
ငါကိုက ရိုးလွန်းခဲ့တာပါ...။

♦♦♦သင်္ခါရ၏ အမှာစာ♦♦♦



ရုတ်တရက်ကြည့်ရင်
အငြိမ့်ညောင်းဆုံး စီးကြောင်းထဲက
ငါ့ကိုယ်ငါ ဗေဒါဆန်ဆန် မျောလွင့်နေသလို
ဘယ်ကမ်းမှ မသိလိုက်တဲ့
ပဉ္စလက် တစ်စုံတစ်၇ာရဲ့ ခေါ်ဆောင်ရာ
သူခိုး ဓါးရိုးကမ်းတယ်ပြောရင်လည်းပြောကြ

စိမ်းရက်လေဦီး



မလွမ်းတတ်ပါဘူး...
ပန်းဇာတ်အိမ် တစ်ခန်းရပ်ကို
ဖတ်ကြည့်ပါမေ..။

နေမ၀င်ကာရန်မလွဲပေမယ့်
မကြေခင်ညှာတံအမြဲမှာဖြင့်
ပွဲအ၀င် တစ်ဂုဏ်တင့်စေဖို့ 
အပွင့်ဝေ....
အညွန့် ဝေ...
ဖူးပွင့်တွေ လှစေချင်ပါရဲ့ မေ...။

မဆုံဖြစ်လိုက်သော




ပြီးလွယ်စီးလွယ်ရင်ခုန်သံ
ကာရန်မှားတဲ့ အချစ်နဲ့ 
ကဗျာတစ်ပုဒ်ကိုရေးခဲ့တာမဟုတ်ဘူး
လရောင်နဲ့ ရင်ဖွင့်ပြတဲ့အလွမ်းတွေ
အနေအထိုင်မတတ်ခဲ့တော့
အိပ်မက်တစ်ဝက်အခိုးခံ၇မှန်း
မိုးလင်းမှသိတယ်.....။

ငါခြွေတဲ့မိုး

 
ဖြူစင်တဲ့ မိုးစက်တွေကြားမှာ
ငါဟာ....
မလှမပ ဖြတ်သန်းပုံဖော်ဖို့ စိတ်ကူးနေတဲ့ ...သံစဉ်
မတူညီခြင်းတွေ အကန့်အကန့် 
အ၀င်အထွက်ခက်နေတဲ့ ရနံ့ တစ်စုံကို နှုတ်ပိတ်ငုံပြီး
ပုံပြင်အဟောင်းတွေနဲ့ ကောင်းကင်ကြီးကိုမော့ကြည့်ခဲ့...။

Iranian nuclear program hit by AC/DC virus



အီရန်မှာရှိတဲ့ Nuclear Program တွေထိန်းချုပ်လုပ်ကိုင်နေလျှက်ရှိသော computer systems သည် ထူးဆန်းစွာ တိုက်ခိုက်ခံခဲ့ရကြောင်း…သတင်းတစ်ရပ်ကဆိုခဲ့ပါတယ်..။တိုက် ခိုက်သော virus မှာ AC/DC virus လို့ အမည်းပေးထားပြီး worm အမျိုးအစားဖြစ်ပါတယ်..။ထိုသို့တိုက်ခိုက်ခံရခြင်းသည်..ကြိုတင်သတင်း အချက်အလက်ရရှိခဲ့ပြီးမှ ပေါ့လျော့မှု ကြောင့် ဖြစ်ပွားခဲ့ကြောင်းလဲသိရှိရပါသည်.။


သတင်းအချက်အလက်အပြည့်အစုံမှာ…


အီရန်နိုင်ငံ ရှိ Nuclear ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော Atomic Energy Organisation ၏ scientist တစ်ယောက်၏ပြောကြားချက်အရ computer systems တွေဟာ cyber-attack ပြုလုပ်ခံခဲ့ရတယ် လို့ ဖွင့်ချပြောကြားခဲ့ပါတယ်..။ထိုသို့ တိုက်ခိုက်ရာတွင်နာမည်ကြီး AC/DC အဖွဲ့ ၏ Thunderstruck သီချင်းသည်..မယုံကြည်နိုင်လောက်အောင် ညသန်းခေါင်ယံ အချိန်တွင် full volume အပြည့်ဖြင့် play လုပ်ခဲ့ပါတယ်….။အဲဒီလိုထူးထူး ခြားခြားတိုက်ခိုက်ခံရခြင်းသည်..Stuxnet ဗိုင်းရပ်နဲ့ တိုက်ခိုက်ခံရ ခဲ့ပြီးနောက်ပိုင်း..အထူး ခြားဆုံးဖြစ်ရပ် လဲဖြစ်ပါတယ်..။
ထိုတိုက်ခိုက်မှုဟာ သုတေသနပြုသူတစ်ယောက်ဆီကို Iran’s atomic energy organisation မှ လုံခြုံရေးမြင့်မားသော လှို့ဝှက် email တစ်စောင်ပေးပို့ သတိပေးခြင်း အပြီးတွင်ထူးဆန်းစွာဖြင့်တိုက်ခိုက်သွာခြင်းလဲဖြစ်ပါတယ်…။ထိုကဲ့သို့ သတိပေးမှုပေးပို့ပြီးတော့မှ တိုက်ခိုက်ခြင်ခံခဲ့ရမှုအတွက် အနည်းငယ်မျှမေးခွန်းထုတ် ဖွယ်ရှိဖွယ်ရှိပါတယ်…။ ထို သတိပေးပို့ မှု email တစ်စိတ်တစ်ပိုင်းကိုဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်ပါတယ်..။

“ကျွန်တော်ဟာ…ကျွန်တော်တို့ရဲ့ nuclear program လုံခြုံရေးနဲ့ပက်သက်ပြီးတော့ သတင်းအချက်အလက်တစ်ခုကို ရေးသာပေးပို့လိုက်ရပါတယ် .ကျွန်တော်တို့ ရဲ့ nuclear program နောက်ထပ်တစ်ကြီမ် တိုက်ခိုက်ဖို့ ပြင်ဆင်နေလျှက်ရှိကြပြီးတော့ အဲဒီတိုက်ခိုက်မှုအတွင်းမှာ worm အသစ် ဖြင့် တိုက်ခိုက်သွားမှာဖြစ်ပါတယ်..။ အဆိုပါ ဗိုင်းရပ်အသစ်သည် ယိုပေါက်များကိုရှာဖွေပြီးတော့ ကျွန်တော်တို့ရဲ့ Natanz မြို့က Nuclear စက်ရုံအပြင် Qom မြို့အနီးက Fordo ထောက်ပံရေးစက်ရုံက automation network ကို shut down ပြုလုပ်တိုက်ခိုက်သွားမှာဖြစ်ပါတယ်..”

လို့စာရေးသားပေးပို့ခဲ့ပါတယ်…။

အဲဒီ email ထဲမှာပဲ ” ဒီဗိုင်းရပ်ဟာထူးခြားစွာ သီးချင်းတစ်ပုဒ်ကို ဖွင့်လိမ့်မယ်” လို့ လဲပြောကြားခဲ့ပြီးတော့ အဲဒီလိုတိုက်ခိုက်ခံရမယ်ဆိုရင်လဲ Attacker တွေဟာ သူတို့ နှောက်ယှက် ၀င်ရောက်တိုက်ခိုက်နေ မှုကို Thunderstruck သီချင်းနဲ့ ထုတ်ဖော်ကြေညာလိမ့်မည်ဖြစ်ကြောင်းကို လဲ ထို email ထဲတွင်အပြည့်အစုံရေးသားဖော်ပြခဲ့ပါတယ်…။ထိုသို့  တိုက်ခိုက်မှုဟာ တတိယ အကြမ်းမြောက်ဖြစ်ပြီးတော့ Iran နိုင်ငံရဲ့ အညင်းပွားနေတဲ့ Nuclear ဆိုင်ရာ ပြသနာတွေ အတွက် တိုက်ခိုက်မှုဖြစ်ကြောင်းလဲပြောကြားသွားခဲ့ပါတယ်…။

ထိုတိုက်ခိုက်မှုတွင့် ဖွင့်ခဲ့သောသီချင်းဟာ Atomic Energy Organization of Iran (AEOI) ရဲ့ မူဝါဒ ဆိုင်ရာ ကိုတိုက်မှုရှုံ ချမှုဖြစ်ပါတယ်…။ယခု တိုက်ခိုက်မှုဟာလဲ 2010 ခုနှစ် Stuxnet ဗိုင်းရပ် တိုက်ခိုက်မှုအပြီး အလားတူ ပုံစံ အတိုင်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်…။ဒီတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ အစည်းကမှ မိမိ တို့လက်ချက်ပါလို့ ၀န်ခံခြင်း ၊ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး…။

နည်းပညာရှင်တွေကတော့ ယခုတိုက်ခိုက် လာတဲ့ ဗိုင်းရပ်ဟာ ရိုရှင်းပြီးတော့ ဈေးပေါပေါ open-source project တစ်ခုကိုကျော်ဖြတ် ၀င်ရောက်လာ ပြီးတော့ ထိုဗိုင်ရပ်ဟာ software အတွင်းမှာရှိတဲ့ ယိုပေါက်တွေကိုရှာ ဖွေခဲ့ခြင်းဖြစ်ကြောင်းကိုလဲ ၀န်ခံခဲ့ကြပါတယ်…။

ဒီတိုက်ခိုက်မှု အတွက် ကြိုတင်ပြီးတော့ အသိပေးပြောကြားခဲ့သော email အပြည့်အစုံမူရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်..။
“I am writing you to inform you that our nuclear program has once again been compromised and attacked by a new worm with exploits which have shut down our automation network at Natanz and another facility Fordo near Qom.

According to the email our cyber experts sent to our teams, they believe a hacker tool Metasploit was used. The hackers had access to our VPN. The automation network and Siemens hardware were attacked and shut down. I only know very little about these cyber issues as I am scientist not a computer expert.

There was also some music playing randomly on several of the workstations during the middle of the night with the volume maxed out. I believe it was playing ‘Thunderstruck’ by AC/DC.”
 
posted by me
You also see in ghostarea.net 
ref: thehackernew

Myanmar Hacker Evolution



Myanmar Hacker ဆိုတာနဲ့ပတ်သတ်ရင် တော်တော်များများက Blink Hacker Group ကိုပဲ ပြေးမြင်ကြတယ် ဟုတ်ပါတယ် Blink Hacker Group ကို ဘယ်လိုပဲ မြင်မြင်သူတို့ရဲ့လုပ်ရပ်တွေ ဟာ ဘာတွေပဲဖြစ်ဖြစ် သူတို့ဟာ Myanmar Hacker Evolution ( မြန်မာ ဟက်ကာ အုံကြွမှု ) အပေါ် အတော်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာပဲ.။
တကယ်တော့ BHG မပေါ်ခင်ကတည်းက မြန်မာ ဟက်ကာတွေရှိခဲ့တာပဲ ။ Planet Creator တို့ YEHG ( YGN Ethical Hacker Group ) တို့ လို Hacker Group တွေလည်း ရှိခဲ့တာပဲ ။


  ပြီးတော့ YEHG ကို DDos တိုက်လို့ ပြဿနာတွေ တက်ကုန်တာမျိုးလို Hacker တိုက်ပွဲတွေလည်း ရှိခဲ့ဖူးတာပဲ ။ MMSO လို Hacker          Forum သီးသန့် မဟုတ်သော်လည်း Hacking & Security Forum တွေရှိခဲ့တာပဲ ။ မဇ္ဈိမ ကို DDos တိုက်ခဲ့ပြီး Cyber War အသွင် လုပ်တာလည်း ရှိခဲ့ဖူးတာပဲ ။ ဒီအထိ Hacker Evolution ( ဟက်ကာ အုံကြွမှု ) ဆိုတာမျိုးဖြစ်မလာသေးဘူး ။
၂၀၁၂ Anonymous , Wikileaks , lulz တို့ကျေးဇူးနဲ့ ကမ္ဘာလုံးဆိုင်ရာ Hacker အုံကြွမှုကြီးက မြန်မာနိုင်ငံကို ရိုက်ခတ်လာတယ်လို့ပဲ ပြောရမလား . ?? Blink Hacker Grop ဆိုပြီး အဖွဲ့အစည်း တစ်ခု ပေါ်လာတယ် ။ စလာတုန်းကတော့ စစ်အစိုးရနဲ့ပတ်သတ်တဲ့ မီဒီယာ တွေကို တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်လူငယ် Website ကို စတင် တိုက်ခိုက်ခဲ့တယ် ။ YTP ကို DDos နဲ့ တိုက်ခိုက်တယ်လို့ ကြေညာခဲ့တယ် ။ ဒီမှာပဲ နည်းပညာသမားတော်တော်များများအပြင် နိုင်ငံရေးသမားတွေ အခြား နည်းပညာ နယ်က မဟုတ်တဲ့လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ် ။ နည်းပညာနယ်ပယ်ရဲ့ အပြင်ဘက်က လူတွေရဲ့ ဦးနှောက်ထဲမှာ မြန်မာဟက်ကာ ဆိုတဲ့ အတွေးအခေါ်တစ်ခုကို ထည့်ပေးခဲ့တယ် ။
BHG စတင်တည်ထောင်ပြီး 1st Generation အဆုံးသတ်ခါနီးမှာ Myanmar Hacker Forum တစ်ခု တည်ထောင်ဖို့ကြိုးစားကြတယ် ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်  အဲ့ဒီ့ဖိုရမ် ပြီးဆုံးမသွားဘူး ။ ဒီတော့ ပထမဆုံး မြန်မာ ဟက်ကာ ဖိုရမ်ကို  ပြောဆိုရင် အဲ့ဒီ့ ဖိုရမ်ကို ပြရလိမ့်မယ် ။ အောင်မြင်တာ မအောင်မြင်တာ က  တစ်ကြောင်းပေါ့ ။




BHG 1st Generation က Myanmar Website တွေကို စတင်တိုက်ခိုက်နေတဲ့အချိန်မှာပဲ Myanmar Hacker University ဆိုပြီး wall.fm အခြေစိုက် ဆိုဒ်တစ်ခု ထွက်လာပါတယ် ။ BHG ထက်စာရင် သူတို့က ပိုပြီး Open ဖြစ်ပါတယ် ။ သို့သော်လည်း  ပညာအဆင့်အတန်းမှာတော့ နိမ့်ကျပါသေးတယ် ။ အားရစရာကောင်းတာတစ်ခုကတော့  စည်းလုံးမှုပါပဲ ။ သူတို့ အလွန်စည်းလုံးပါတယ် ။ ကျွန်တော့်အမြင်မှာ  ရိုင်းပင်းတယ် လို့ မြင်တယ် ။ နောက်ပိုင်း သူတို့ Myanmar Hacker Forums ဆိုပြီ Hack Forums တစ်ခု တည်ထောင်လိုက်ပါတယ် ။ ပထမဆုံး မဟုတ်သော်လည်း Active အဖြစ်ဆုံး အကြီးမားဆုံး ဖိုရမ်လို့ ပြောရပါလိမ့်မယ် ။

ဒီလိုနဲ့ BHG 1st Generation ပျက်စီးသွားပါတယ် ။ သူတို့ အဖွဲ့ဖျက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ  Myanmar Cyber Army ဆိုတာ ပေါ်လာပြီး Myanmar Website တွေကို တိုက်ခိုက်ပြန်တယ် ။ ဒါ နည်းနည်းတော့ တိုက်ဆိုင်မှုက ကြီးမားသလို  ခံစားရပါတယ် :-P





သိပ်မကြာပါဘူး Blink Hacker Group ကပဲ 2nd Generation အဖြစ် လုံခြုံရေးအရ အားနည်းသော မည်သည့် Website ကိုမဆို တိုက်ခိုက်မယ်ဆိုပြီး ပြန်လည် ထွက်ရှိလာပါတယ် ။ ဒီအချိန် Myanmar Hacker Uniteam ဟာ လူသိများခြင်းမရှိသေးပါဘူး ။ ဒီအချိန်မှာ Operation BD ဆိုတဲ့ Operation တစ်ခု Myanmar Uniteam က စတင်ခဲ့ပါတယ် ။ Myanmar Hacker Uniteam က လူတွေ BD Website တွေကို တိုက်ခိုက်နေချိန်မှာ BHG ဟာ Myanmar Website တစ်ခုကို တိုက်ခိုက်ပြီး BD Hacker တွေကို Greetz လုပ်ခဲ့လို့ အညိုငြင်ခံခဲ့ရပါသေးတယ် ။
ရိုဟင်ဂျာကိစ္စမှာတော့ Myanmar Hacker Uniteam , BHG အပါအ၀င် မြန်မာဟက်ကာအရေးလှုပ်ရှားသူတော်တော်များများ စုစည်းမိလာပါတယ် ။  ဘင်္ဂလားဒေ့ရှ် Website တွေကို တိုက်ခိုက်ရင်း ဆန္ဒပြုကြပါတယ် ။ အခြား နည်းပညာသမားတွေအပြင်  နည်းပညာအပြင်ဘက်ကလူတွေပါ Hacking နဲ့ပတ်သတ်တဲ့ Information တွေ Source တွေကို မြန်မာလိုသော်လည်းကောင်း မျှဝေခြင်းများဖြင့်  လွယ်လွယ်ကူကူရရှိလာပါတယ် ။ ဥပမာ DDos လိုဟာမျိုးပေါ့ အတိအကျ အသေအချာတွေမသိသော်လည်း DDos ကို ခြုံသိလာတယ် DDos Tool တွေအကြောင်းသိလာတယ် ။ Myanmar Cyber Army ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Hacktivist တော်တော်များများ စုဝင်လာတယ် ။
ဒီတော့ ခြုံကြည့်ရင် BHG ဟာ နည်းပညာ သမားတွေအပါအ၀င် နည်းပညာနယ်ပယ်အပြင်ဘက်ကလူတော်တော်များများရဲ့ ခေါင်းထဲကို မြန်မာဟက်ကာဆိုတဲ့ စကားလုံးရိုက်သွင်းပေးနိုင်ခဲ့ပြီး MM Hack Forums ကတော့ ပညာတွေမျှဝေတဲ့နေရာမှာ အဓိကကျလာပါတယ် :)

copy from Ghostarea.net

ဘယ် ဗီဒီယိုဖိုင်မဆို ခပ်သွက်သွက်လေးဒေါင်းတဲ့ Downloader


Video Downloader ပါ...wondershare လို့ခေါ်ပါတယ်.ဒေါင်းရင် ခပ်သွက်သွက်လေးဒေါင်းပါတယ်..
ဘယ် site တွေကဘယ်လိုဒေါင်းလို့ရလဲ ဆိုတော့ ဒီ site တွေကပါ..

♠♠♠အာဒံမသိလိုက်တဲ့ ပန်းသီး♠♠♠

♠♠♠သံယောဇဉ် သံစဉ်တီးခတ်ဖို့
သူ ... လမင်းငိုသံ ကြားသွားမှာစိုးတယ်♦♦♦
☺☺☺အိမ်အပြန်လမ်းပျောက်တဲ့ည
မင်းမျက်နှာလေးနဲ့ပဲ ချိုမြိန်နေလိုက်မယ်☺☺☺
♣♣♣တစ်နေ့စာ ဒဏ်ရာတွေ
ဖြူစင်ခြင်းတွေ ထည်လဲဝတ်
လေပြေလေးတွေနဲ့ပဲ ပျော်တယ်♣♣♣
(ကျေးဇူးပြုပြီး ငါ့မုန်တိုင်းတွေ အိပ်ရေးဝပါစေ)

မေ့အတွက် ကဗျာ


♥♥♥မေရေ .........
ရင်မှာထာဝရ တဲ့ အချစ်ဆိုတာကိုသေချာမခံစားရသေးခင်
အလွမ်းတွေနဲ့ပျော်နေရတယ် ......
ဝေးကွာခြင်းက တော်တော်ဆိုးတယ်
အချိန်တွေတိုက်စားတာ ဘာလို့နှေးနေတာလဲ။
ပထမ မဟုတ်တဲ့ ဒုတိယနေရာ နေပျော်ခဲ့သူပါ
အချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးတစ်ယောက်ဖြစ်ချင်တယ်

သူ့အချစ် အာဏာ

အမြင်တချို့ကြောင့် ရင်စို့ကာကြေကွဲ
သူပေးတဲ့အာဏာ ရုပ်သိမ်းပွဲနော့်....
အိပ်မက်ကြိုးတွေ ဖြတ်တောက်
အသက်လောက်ချစ်ပေမယ့် လမ်းခွဲ
မလွမ်းနဲ့လို့ သူဆိုသေး......

လင်းလက်စေလို နှင်းစက်လေးကို



တစ်ဘ၀သာရွယ်ရည် မှန်းရည်ထိပ်ထား
သန့်စင်ပြစ်ကင်း ငါ့ချစ်ခြင်း
အမှောင်ခွင်း၍နှင်း၏နှလုံးသား လင်းလက်လတ္တံ

ဘ၀လက်ကျန် အချိန်ဇယား

မေးကနေပို့ပေးထားတဲ့သူငယ်ချင်းတစ်ယောက်ရဲ့စာကိုပြန်လည်ဝေမျှပါတယ်။အားလုံးအတွက်အသုံးဝင်
မယ်လို့ထင်လို့ပါ 
ဘ၀လက်ကျန် အချိန်ဇယား

သင့်အသက်
သင်သုံးခဲ့ပြီးသောအချိန်
၇၅ မတိုင်မီသင့်ဘ၀၏လက်ကျန်အချိန်
၁၅   နှစ်
၅၄၇၅    ရက်
၂၁၉၀၀     ရက်
၂၀   နှစ်
၇၃၀၀    ရက်
၂၀၀၇၅     ရက်
၂၅   နှစ်
၉၁၂၅     ရက်
၁၈၂၅၀     ရက်
၃၀   နှစ်
၁၀၉၅၀   ရက်
၁၆၄၂၅     ရက်
၃၅   နှစ်
၁၂၇၇၅   ရက်
၁၄၆၀၀     ရက်
၄၀   နှစ်
၁၄၆၀၀   ရက်
၁၂၇၇၅     ရက်
၄၅   နှစ်
၁၆၄၂၅   ရက်
၁၀၉၅၀     ရက်
၅၀   နှစ်
၁၈၂၅၀   ရက်
  ၉၁၂၅     ရက်
၅၅   နှစ်
၂၀၀၇၅   ရက်
  ၇၃၀၀     ရက်
၆၀   နှစ်
၂၁၉၀၀   ရက်
  ၅၄၇၅     ရက်
၆၅   နှစ်
၂၃၇၂၅   ရက်
   ၃၆၅၀     ရက်
၇၀   နှစ်
၂၅၅၅၀   ရက်
   ၁၈၂၅     ရက်
၇၅   နှစ်
၂၇၃၇၅   ရက်
  တရား မမေ့ပါနှင့်

သင့်ဘ၀၏ လက်ကျန်အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်ပါစေ

Samsung Galaxy Y GT-S5360 Root လုပ်နည်း

 
 
ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။