♀ ♂ ဖို မ ဆန်သော ♀ ♂

♀♂ ကိုယ့်ဦးနှောက်နဲ့ ကိုယ်
သပ်သပ်ရပ်ရပ် မလျှောက်လှမ်းလဲ
အစတွေ ထွက်ချင်ကြတဲ့လူတွေ
အတ္တတွေ သဲသဲမဲမဲ ရွာတဲ့ရာသီဦးမှာ
သူပြိုင်ကိုယ်ပြိုင် ပေါ်လာကြတယ်
အစဉ်အလာဆန်ဆန် ခါးအောက်စိတ်ဓာတ်တွေကို
မျော်စင်ထိပ်ပို့ချင်ကြတဲ့သူတွေအတွက်
ခပ်ဝေးဝေးက ခပ်ပြင်းပြင်းလေးတော့ရှိတယ် ♀♂

Tu ကသူငယ်ချင်းတွေအတွက် Structural Steelwork:Design to Limit State Theory ဆိုတဲ့စာအုပ်လေး


ဒီတစ်ခေါ က်တော့ကဗျာတွေပဲတင်ထားတာများနေလို့ သူငယ်ချင်းတွေအတွက်လည်းအကျိုးရှိမယ့်
စာအုပ်တစ်အုပ်တင်ပေးလိုက်တယ်နော်။စာအုပ်နာမည်က 
Structural Steelwork:Design to Limit State Theory ဖြစ်ပြီး တတိယအကြိမ်
တည်းဖြတ်ထုတ်ဝေထားတာပါ ပြုစုရေးသားထားတဲ့သူတော့
  • Dennis Lam
  • School of Civil Engineering
  • The University of Leeds, Leeds, UK
  •  
  • Thien-Cheong Ang
  • School of Civil and Environmental Engineering
  • Nanyang Technological University, Singapore
  •  
  • Sing-Ping Chiew
  • School of Civil and Environmental Engineering
  • Nanyang Technological University, Singapore

●●●သမာရိုးကျ အတ္တ ●●●


ကိုယ့်ကိုကိုယ်တောင် မမှတ်မိတော့တဲ့
အရေအတွက်နဲ့
ပခုံးနှစ်ဘက်ကြားခေါင်းပေါက်ခဲ့တာပါ
အသက်စဉ် မမှီသေးခင်
စိန်ပန်းတွေ ခပ်ရဲရဲပွင့်တုန်းက
အဖြူတွေ အစိမ်းတွေက အမာခံစုတ်ချက်
နှစ်ချို့ နှစ်တွေနဲ့ ရင်းနှီးခဲ့တာ ဒီပန်းချီကားပဲပေါ့
အချိန်တွေနဲ့  စီးမျောရင်း ရောက်မှန်းမသိရောက်ခဲ့တဲ့
ဂျပ်ဆင်ထိပ်က လရိပ်အောက်မှာ ချစ်ခြင်းတရားကို လွမ်းတယ်

∆∆∆ နည်းနည်းပါးပါး ∆∆∆

ငါ"က"ရတဲ့နေရာက အနိမ့်
ဟိုးအမြင့်ကလှောင်သံ
ဝါးတားတား ယဉ်ကျေးမှု
လူကုံထံတွေရဲ့ အမှန်တရား
ဒါ တရားမျှတခြင်းတဲ့လား...●●●

◊◊◊ ခေါင်းစဉ်မှားတပ်ခံရခြင်း ◊◊◊

ကံကြမ္မာကိုက ကောင်းလွန်းခဲ့တာပါ
သက်တမ်းရင့်ရင့် အိပ်မက်ဦးအတွက်
အငမ်းမရသောက်ခဲ့တဲ့ သံယောဇဉ်တစ်ခွက်ဟာ
ချစ်သူနဲ့တွေ့ မှ အဆိပ်ရည်ဖြစ်သွားတာလား
လက်ညှိုးထိုးပြီး အန်ပစ်လိုက်မယ်...♯♯♯

۩ အိမ်သို့ ۩

မနေ့ကအတွေးတွေ
အပျင်းကြောထဲထည့်
မင်းတို့ သံစဉ်တွေ သေဆုံးခဲ့ရင်
ငါ ဒီနေ့စောစောအိပ်ယာထမယ် ..♣♣♣

ပေါက်တတ်ကရ စကားတွေနဲ့မနက်ခင်း
တစ်စစီဆွဲဆန့် ရင်း မျက်နှာသစ်မယ်...။
လိပ်ပြာတစ်ကောင်ရဲ့
နောက်ဆုံးတောင်ပံခတ်သံနဲ့ ငါ့ရဲ့ထွက်သက်
ရုန်းကန်ခြင်းမှာ ပထမရတယ်...♥♥♥

မိတ္ထီလာနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာကျောင်းသားဟောင်းများ အာစရိယ ပူဇော်ပွဲကျင်းပပြီးစီး

မိတ္ထီလာနည်းပညာတက္ကသိုလ်မြို့ပြအင်ဂျင်နီယာကျောင်းသား ကျောင်းသူဟောင်းများရဲ့ ပထမဆုံးအကြိမ်အာစရိယ
ပူဇော်ပွဲကို ယနေ့ 7.10.2012 မနက်ခင်း 10နာရီတွင် မိတ္ထီလာနည်းပညာတက္ကသိုလ် တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်
(2004-2005)-(2005-2006)-(2006-2007) ခုနှစ်တွင်ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူဟောင်းများ
ပါဝင်ကြပါတယ်။ နောက်နှစ်တွေမှာ သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ ဆရာတွေကို ကန်တော့နိုင်ဖို့မျှော်လင့်မိပါတယ်
ပထမဆုံးအကြိမ် ပူဇော်ကန်တော့ပွဲလေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော
သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ် ။နောင်နှစ်တွေမှာလည်း ဖြစ်မြောက်အောင် ဆက်လက်လုပ်
ဆောင်သွားဖို့ မျှော်လင့်မိပါတယ် ..............။

ရေခဲမီး(၃)

ငါအကြိမ်ကြိမ်မက်နေဆဲ အိပ်မက်တစ်ပုဒ်
ငါ့ရဲ့ ညတွေဆီပြန်သန်းနေဆဲ
မဟူရာ အမှောင်အတိပြီးသော
အဲဒီ...အိပ်မက်ရင်ကွဲတွေက
ငါ့..အသွေးတွေ ခမ်စေတယ်...။

ရေခဲမီး(၂)

ဘယ်လိုပင်လယ်မျိုးလဲ
အားကြိုးမာန်တတ် လှော်ခတ်ခဲ့ပြီးမှ
ငါ့အချစ်တွေ တစ်လှေလုံးပုပ်ခဲ့ပေါ့ ...။
အိပ်မက်ယောင်လေပြေတွေတိုက်တုန်းက
ခေါင်းလောင်းသံတွေပေကျံနေတဲ့
လက်တစ်ဖက်ဝှေ့ ယမ်းခြင်းမှာ
ငါ့နေ့ရက်တွေ အလင်းတောက်ခဲ့ဖူးတယ်...။

ရေခဲမီး(၁)

အခုလို...
နွေတစ်ရာခြံရံတဲ့ ငါ့ရဲ့ညတွေထဲ
ဗီးနပ်မသိခဲ့တဲ့ ငါ့နှလုံးသားထဲပြန်ဝင်ကြည့်
ခါးသီးမှုတွေ နေရာယူနေဆဲပေါ့.။
ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့
အခမ်းနားဆုံး ကဗျာတစ်ပုဒ်ကို
ငါ ဆုံးရှုံးရတော့မယ် ...။