♀ ♂ ဖို မ ဆန်သော ♀ ♂

♀♂ ကိုယ့်ဦးနှောက်နဲ့ ကိုယ်
သပ်သပ်ရပ်ရပ် မလျှောက်လှမ်းလဲ
အစတွေ ထွက်ချင်ကြတဲ့လူတွေ
အတ္တတွေ သဲသဲမဲမဲ ရွာတဲ့ရာသီဦးမှာ
သူပြိုင်ကိုယ်ပြိုင် ပေါ်လာကြတယ်
အစဉ်အလာဆန်ဆန် ခါးအောက်စိတ်ဓာတ်တွေကို
မျော်စင်ထိပ်ပို့ချင်ကြတဲ့သူတွေအတွက်
ခပ်ဝေးဝေးက ခပ်ပြင်းပြင်းလေးတော့ရှိတယ် ♀♂

♀♂ အသိဥာဏ်ကို ခေါင်းပုံဖြတ်ပြီး
နင်းဖြတ်ကူးချင်လို့လား
မီးပွိုင့်မရှိ...။
မျဉ်းကျားလဲ မရှိ...။
အသစ် အသစ်သော စိတ်တွေထဲ
နာကြည်းမှုတွေ ပုံမလောင်းထည့်ကြပါနဲ့ 
အနက်ရောင်ကို လည်ပင်းဖက်ပြီး
ထင်ထင်ရှားရှားဖြူစင်ပြနေလိုက်ကြတာ
ကျီးကန်းမျက်စိတောင် ငြိမ်သွားလောက်တယ်....♀♂
Share:

1 comment:

  1. ကိုယ့်ဦးနှောက်နဲ့ ကိုယ်
    သပ်သပ်ရပ်ရပ် မလျှောက်လှမ်းလဲ
    အစတွေ ထွက်ချင်ကြတဲ့လူတွေ
    အတ္တတွေ သဲသဲမဲမဲ ရွာတဲ့ရာသီဦးမှာ
    သူပြိုင်ကိုယ်ပြိုင် ပေါ်လာကြတယ်------
    ဟုတ်တာတွေရေးလှချေလား ကောင်းတယ်
    ဆက်ရေးပါ
    ခင်မင်တဲ့ sis jasmine

    ReplyDelete