U8860 ကို 4.0 firmware တင်မယ်…. Root ဖောက်မယ်…

U8860 ကို 4.0 firmware တင်မယ်…. Root ဖောက်မယ်…

http://www.myanmarmobileapp.com/wp-content/uploads/2012/11/w11.jpg

ပထမဆုံးအနေနဲ့ Firmware ကို အရင် ဒေါင်းလိုက်ပါ…..
U8860,Android 4.0,V100R001CHNC00B932SP01.zip
ပြီးရင် Root Tool ကို အရင် Download လုပ်ပါ……
U8860 4.0 Root@phyochan-MMAS_MMSD.rar
U8860 4.0 Root@phyochan-MMAS_MMSD.rar

Password : phyochan

Firwmare တင်တာကတော့ Huawei တွေရဲ့ ထုံးစံအတိုင်း Dload ကို SD Card ထဲထည့်ပြီး Volume up + Down + Power ကို ဖိနှိပ်လိုက်…..
4.0 ဖြစ်သွားလိမ့်မယ်…
ပြီးရင် USB Debugging နဲ့ Unkonwn Sources ကိုအမှန်ခြစ်လိုက်ပါ…
Driver ထည့် ဒေါင်းထားတဲ့ rar ကို Extract လုပ် ပြီးရင်
root-me.cmd ကို Run လိုက် Enter ခေါက် အဆင်ပြေပါပြီ…..
ဒီဖုန်းတွေကကြာနေပြီဖြစ်ပါသဖြင့် အရမ်းမရှင်းပြဘဲတင်ပေးလိုက်ပါတယ်…..
အဆင်ပြေပါစေ….
ဖြိုးချမ်း (phyochansoftware2012@gmail.com)မှပြန်လည်မျှဝေခြင်းဖြစ်ပါသည်

۞۞۞နောက်ဆုံးရဲ့ နိဂုံး ۞۞۞




ဦးနှောက်ကို အပျင်းပြေလှပ်ကြည့်တော့
သံမဏိရွှေပြားတွေ
တေလေတစ်ယောက်လို လွမ်းဆွတ်
ချိန်ခွင်ပေါ်က မျှော်လင့်ချက်
အလောင်းအစားဆန်လွန်းခဲ့တာ
ဒီလိုမှန်းသိခဲ့ရင်လေ...။   ။

₪₪₪ လမ်းခွဲ ₪₪₪

တွေ့ ဆုံခြင်းက
ရိုးစင်းလွန်းလှပါတယ်
ဒါပေမယ့် အဲဒါဟာ
လမ်းခွဲခြင်းရဲ့ အစဆိုတာ
ကြိုတွေးမထားလိုက်မိဘူး
ကိုယ်မပိုင်တဲ့ အရာတစ်ခုကို
အပြီးတိုင် စွန့်လွှတ်လိုက်ရချိန်မှာ
အထူးတလည် ၀မ်းနည်းနေဖို့
မလိုအပ်တော့ပါဘူး....။
ဒါပေမယ့်...
ငါ့ရင်မှာ နှမျောမိတာတော့အမှန်ပဲ
ဘာပဲဖြစ်ဖြစ်လေ
ဒို့ နှစ်ယောက် လမ်းခွဲမှာ
အမုန်းတွေမပါစေချင်ဘူး...။

မကျေညက်ခဲ့သောမနက်ဖြန်များ

အစကတည်းက
သည်ရင်ဘတ်ကြီး ပါမလာရင်ကောင်းမှာပဲ
အလေ့ကျ တိုက်ခတ်လာတဲ့ လေပြေတွေထဲ
မျက်ရည်အတွေးတွေ ပါလာလွန်းလို့ ပါ...◦◦◦