စိတ်လှောင်ချိုင့်


ည...
တိတ်ဆိတ်စွာနဲ့ ကာရံတစ်ချို့ ဆိုညဉ်းမိတယ်
အနာဂတ်ရဲ့ေ၀၀ါးတဲ့လမ်းထောင့်လေး
အလင်းရောင်မှိန်ပြပြတော့ တွေ့ လေရဲ့ ...
ဘာပဲဖြစ်ဖြစ်ပေါ့ လျှောက်လှမ်းရမယ်
ကိုယ့်အလင်းနဲ့ ကိုယ် ထွန်းလင်းချင်သေးတယ်

ငါလျှောက်လှမ်းခဲ့တဲ့ လမ်းတစ်လျှောက်
နောက်ပြန်လှည့်ကြည့်မိတော့
နောင်တတွေ ၀မ်းနည်းခြင်းတွေက
အစီအရီ ဖြန်ကျက်နေရာယူလို့ 
တော်ပါပြီ ... ဒီနေရာမှာပဲ
မင်းတို့ နဲ့ နှုတ်ဆက်လမ်းခွဲမယ်
ရှေ့ ဆက်လျှောက်မယ့် လမ်းတစ်လျှောက်မယ့်လမ်းတစ်လျှောက်
စိတ်သစ် လူသစ် အဖော်သစ်တွေနဲ့ ပေါ့
ဒါပေမယ့်...ကျောချမယ့် ဓားပြတွေမပါဖို့ 
ငါဆုတောင်းရဦးမယ်....။

လွတ်လပ်စွာပျံသန်းခွင့်

 ဂြိုလ်စီးဂြိုလ်နင်းတွေတော့မသိဘူး
ကြယ်တာရာတွေတောက်ပနေတယ်
မသေချာမရေရာတဲ့ဒီဘ၀ထဲ
သုညတ္တကို မေ့လျော့နေ
အရာရာဟာ နတ္ထိ
သူမရှိ ငါမရှိ...
ပိုင်ဆိုင်ခြင်းတွေ ဗလာအတိ
နေခြင်းနဲ့ သေခြင်းဘယ်ဟာမြတ်သလဲ
လောလောဆယ်တော့အတွေးများဆဲ
ခေါက်ရိုးကျိုး အက်ကြောင်းထနေတဲ့
ဒီဇာတ်ကွက်တွေ ငါမကချင်တော့ဘူး
ကျေးဇူးပြုလို့ 
ငါ့ခံစားချက်တွေကို လွတ်လပ်စွာပျံသန်းခွင့်ပေးပါ
ခဏလောက်ဖြစ်ဖြစ် ငါ့စိတ်နှလုံးသား
အသက်ရူဝပါရစေ...။   ။

အနိစ္စ

မဖြစ်နိုင်မှန်းသိရဲ့နဲ့
လေထဲတိုက်အိမ်ဆောက်ဖို့
ငါ့ဆန္ဒတွေကို ပန္နက်ရိုက်လို့
foundation ချခဲ့ဘူးတယ်...
မျှော်လင့်ချက်ခပ်ပါးပါးနဲ့ပေါ့
တို့နှစ်ယောက် ဒီတစ်သက်

အေးချမ်းသောလက်တို့ဖြင့် ...........

ဒီတစ်လောအတွင်းလင်းတစ်ယောက်စာကောင်းကောင်းမရေးဖြစ်ဘူးအပျင်းကြီးနေတာ ၊တစ်ရက်က သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ဟိုရောက်ဒီရောက်စကားတွေပြောဖြစ်ရင်းနဲ့ ဒီစာလေးကိုရေးဖြစ်ပါတယ် ။ လင်းသူငယ်ချင်းက လင်းလိုပဲ သဘောအရမ်းကောင်းတယ်
ကူညီတတ်တယ် (ကြော်ငြာဝင်တာ ဟိဟိ) ။တစ်ရက်က သူစိတ်ညစ်ညစ်နဲ့ ပြောတယ်
ငါသူငယ်ချင်းတွေအားလုံးကို ပျော်ရွှင်ချင်တယ်အေးချမ်းချင်တယ်