♥♥♥ရင်ဝှက်သင်္ကတ+ အချစ်♥♥♥

♥♥♥ရင်ဝှက်သင်္ကတ+ အချစ်♥♥♥


ရင်မှာတွယ်တဲ့ အချစ်
မနေ့ ကလို နေမသာနိုင်တော့ပါလား

ဒသနမသိတဲ့ လူ့ အရိုင်းတစ်ယောက်လို့ 
အချစ်ဆိုတဲ့ မြေပေါ် စမ်းတစ်ဝါးဝါးလျှောက်
မြေစမ်းပြီး ခရမ်းပျိုး
ငါ့ဘ၀မှာ ဗေဒါတွေ အမြဲလိုလို ငိုခဲ့တယ်။

♥♥♥ ချစ်သူလျှောက်သောလမ်း ပန်းဖြစ်စေ ♥♥♥

♥♥♥ ချစ်သူလျှောက်သောလမ်း ပန်းဖြစ်စေ ♥♥♥


အချစ်တွေက ဝေ
ပန်းခရေက ကြွေ
တစ်သက်မှာ တစ်ခါချစ်
ချစ်သူ လျှောက်သောလမ်း
ပန်းတွေနဲ့ ပြည့်စေ။

♥♥♥ တဖက်သတ်ပစ်သော မြှား ♥♥♥

♥♥♥ တဖက်သတ်ပစ်သော မြှား ♥♥♥


ရိုးရိုးလေး ချစ်ခဲ့တဲ့ အချစ်မို့ 
ဆူးနေပါစေ မနုတ်ရက်တော့ဘူး။

ရင်ကြွေဖို့ ကြမ္မာဖန်လာတော့
အလွမ်းတွေ ခိုးခိုးပြုံးတာ
သူတို့ မသိလိုက်ရှာဘူး။

♥♥♥ အလွမ်း..သို့ ..ပေးစာ ♥♥♥

♥♥♥ အလွမ်း..သို့ ..ပေးစာ ♥♥♥


အချစ်က ဒီအရိပ်မှာလာနားတော့
ရင်ခုန်သံကို မငြင်းရက်နိုင်ဘူး
စကားလုံးတိုက်ပွဲတွေ
မြေမှာ ကြွေတဲ့ နေ့ က
အလွမ်း..သို.. စာတစ်စောင် ပါးခဲ့တယ်။

♥♥♥ အဆုံးသတ် မျက်ရည်♥♥♥


♥♥♥ အဆုံးသတ် မျက်ရည်♥♥♥
 
 
 
 

ရင်ဘတ်တစ်ခုလုံး ဆွဲခွာကြည့်လိုက်တော့

အနာတရ မျက်ရည်တွေက

နှလုံးသားပေါ်ခုန်ဆင်း

ရင်ကွဲရုံနား ကပ်ဆင်းလို့ သွားခဲ့တယ်။

ဒုတိယအကြိမ်အာစရိယပူဇော်ပွဲ မှတ်တမ်းပုံများ

19.10.2013 စနေနေ့
တညလုံးရွာသွန်းနေတဲ့မိုးရေစက်တွေရဲ့ အသံနဲ့အတူ စိတ်ထဲမှာ ပူပင်သောကရောက်နေခဲ့တယ်။

မနက်ဖြန်ဆရာကန်တော့ပွဲ ဒီမိုးရွာပုံနဲ့ ကျောင်းသားတွေစုံမှ စုံပါ့မလား။အစစအရာရာ အဆင်ချောပါ့မလား
တွေးရင်းနဲ့ မနက်မိုးလင်းခဲ့တယ်။ တော်သေးတာပေါ့ မနက်ရောက်တော့မိုးက တိတ်သွားလို့
နိုးနိုးချင်း ဖုန်းကို လှမ်းယူကြည့်လိုက်တော့ အားပါးးးးးးးးးးးး
လွဲသွားတဲ့ ဖုန်းခေါ်ဆိုမှုတွေက မနဲမနော။ စဉ်းစားတာကို အမြန်ဖြတ်ပီး ကျောင်းသွားဖို့ပြင်ဆင်မှ

လုပ်စရာတွေက အများကြီးကျန်သေးတယ် ဆိုပီး ရေကတန်းကမန်းချိုးပြီး ကျောင်းထွက်လာခဲံတယ်
8နာရီဝန်းကျင်လောက်ရောက်တော့ သူ့ဟာနဲ့သူ သူ့အဖွဲ့ နဲ့သူ ရောက်လာလို့ တော်တော်လေး သက်သာ
ပီး ပင်ပန်းတာတွေပြေခဲ့တယ်။ပျော်ပျော်ရွင်ရွှင်နဲ့ ဝိုင်းလုပ်ပေးခဲ့တယ် သူငယ်ချင်း ညီကိုမောင်နှမတွေကိုကျေးဇူးတင်ကြောင်း
ပြောကြားရင်း ပုံတွေက facebook ကနေတင်တာ ဘယ်လိုမှတင်မရဘူး အခု ဒီမှာလည်း သိပ်အဆင်မပြေဘူး အစီအစဉ်အတိုင်းတင်တာ မရဘူးဖြစ်နေတာ ဒါပေမယ့် တင်မရတာထက်စာရင်တော့ မဆိုးပါဘူး နားလည်ခွင့်လွှတ်ပေးပါနော်













♥♥♥ ချစ်သူအတွက် အနမ်းတစ်စက် ♥♥♥

♥♥♥ ချစ်သူအတွက် အနမ်းတစ်စက် ♥♥♥





ကြယ်တွေ အဆုပ်လိုက်ကြွေကြပီချစ်သူ
ကောင်းကင်ပြင်တစ်ခုလုံး
ကြယ်တွေ မှိုင်းတိုက်နေကြလို့ 
နင်လာရာလမ်းမှာ ငါ့အနမ်းတွေ
လမ်းခင်းထားပေးမယ်ချစ်သူ။

♥♥♥မာယာမြစ်ထဲက အလွမ်းတစ်စက် ♥♥♥

♥♥♥မာယာမြစ်ထဲက အလွမ်းတစ်စက် ♥♥♥
 
 


အဲဒီမြစ်ထဲမှာပေါ့...
တည်မြဲခြင်းမရှိတဲ့ အနာ၈တ်နဲ့ အတူ
အိမ်မက်တွေကို ရွက်လွှင့်ဖို့ ကြိုးစားခဲ့တယ်။

မာယာမရှိတဲ့ လောကကြီးက
မခမ်းနားဘူးတဲ့ ချစ်သူ
ပဉ္စလက် ဆန်ဆန်ပြောရရင်
ရင်ခုန်သံဆိုတာ နင် ဆိုတဲ့ ဝေါဟာရမရှိခင်တုန်းကတော့
နတ္ထိဗလာပေါ့။

♥♥♥ အက္ခရာမဲ့ အချစ်ရှင်းတမ်း ♥♥♥

♥♥♥ အက္ခရာမဲ့ အချစ်ရှင်းတမ်း ♥♥♥
 


ယနေ့ ညရဲ့ အလွမ်းတွေကို
အချစ်တွေနဲ့  ချော့မြူကြည့်မယ်။

ကိုယ့်မနက်ခင်းတိုင်းရဲ့ အလှတရားနားမှာ
စာမညီတဲ့ ကဗျာတွေကိုသီရင်း
အလွန်တစ်ရာ နစ်နဲ့ တဲ့
ပဟေဠိ တစ်ပုဒ်နဲ့ အဖြေညှိုကြစို့ လား။

♥♥♥ နှလုံးသားကို ဖောင်လုပ်စီးသူများ ♥♥♥

♥♥♥ နှလုံးသားကို ဖောင်လုပ်စီးသူများ ♥♥♥


အတိတ်ဆိုတာလည်း မသိ
အချစ်ဆိုတာလည်းမရှိလို့ 
လောကရဲ့ နိယာမတရားကိုတောင်
ဘာသာသာနဲ့ ပြန်ဆိုရမလဲ မသိဘူး။

♥♥♥ အလွမ်းခြေရာ ရှိက်သံ ♥♥♥




အလွမ်းဆိုတာ လွန်စွာတန်ဖိုးရှိသော
အထီးကျန်ဆန်ခြင်းတစ်မျိုးပါပဲ။

အထီးကျန်ခြင်းဆိုတာက
သမရိုးကျ ခွဲထွက်လာခဲ့တဲ့
နှလုံးသား အသေတွေကို
လှည့်စားလိုက်တဲ့ လိမ်ညာခြင်းစာတမ်းတစ်ခုပေါ့

♥♥♥ အချစ်ရဲ့ မယ်လိုဒီ♥♥♥

♥♥♥ အချစ်ရဲ့ မယ်လိုဒီ♥♥♥


ချွေကာချ ကြွေခါကျရဲ့တဲ့အဖြစ်
ပွင့်ဖတ်တွေ လေယူယိမ်းတော့
ရင်ထဲက မာန်မာနတွေ
တစ်ဖြုတ်ဖြုတ်ကြွေခဲ့ရတယ်။

♥♥♥ ကျွန်မ မဖတ်ဖြစ်ခဲ့သော စာတစ်မျက်နှာ♥♥♥

♥♥♥ ကျွန်မ မဖတ်ဖြစ်ခဲ့သော စာတစ်မျက်နှာ♥♥♥


ရောင်နီသမ်းတော့မယ်ပေါ့ချစ်သူ
သစ္စာရှင်ကြီး လွမ်းခြုံထားတဲ့
သမုဒ္ဒယကြိုးတွေ သွေးနီစွန်းပေခဲ့တာ
ဒီနေ့ ဆို ရက်ပေါင်း (၃၆၅) ရက်ကို
နှစ်ပိုင်းတစ်ပိုင်းတောင် ရှိရော့ပေါ။

♥♥♥ ချစ်သူကမ်းသော လက်တစ်စုံ♥♥♥

♥♥♥ ချစ်သူကမ်းသော လက်တစ်စုံ♥♥♥


လေးလေးနက်နက်ပြောလိုက်ချင်ပါရဲ့
အကြိမ်ကြိမ်မျှော်လင့်မိခဲ့သောလက်တစ်စုံက
အစဉ်အမြဲတွဲယှက်နိုင်ဖို့ 
သစ္စာကြိုးနဲ့ ချည်နှောင်ထားကြရအောင်လား
ချစ်ရသူ။

♥♥♥ တိမ်ငွေ့ စားသုံးသူများ♥♥♥

♥♥♥ တိမ်ငွေ့ စားသုံးသူများ♥♥♥


သက်ရောက်မူတိုင်းရဲ့ အကျိုးတရားတွေ
ဘက်ပြန်မှု့ မရှိတဲ့ အကြောင်းတရားတွေ
လမင်းကို စိန်ခေါ် ကမ္ဘာကိုပျက်သူန်းစေဖို့ 
မသတီစရာ အတ္တအချင်းချင်း ရန်တိုက်လို့ ပေးခဲ့တယ်။

♥♥♥ သေဆုံးသွားသော အိမ်မက်များ♥♥♥

♥♥♥ သေဆုံးသွားသော အိမ်မက်များ♥♥♥


ဖတ်ကြည့်ပါအုံးလား...
အချစ်မသိခဲ့တဲ့ ကျတော်
အလွမ်းပင်လယ်ထဲ လက်ပစ်ကူးလို့ 
မုန်းတိုင်းဆိုတာလဲ မကြောက်ခဲ့သူပေါ့။

ဖွင့်ဖတ်နေကျစာမျက်နှာမှာ
မင်းပုံရိပ်လေးထင်နေရုံနဲ့ 
ကျူပ်နှလုံးသားက အသာအယာပြုံးခဲ့ပီး
စေလိုရာစေမဲ့ နင်မျက်ဝန်းအသံမှာ
အလိုအလျောက် ကြွေဆင်းပေးခဲ့သူပေါ့။

♥♥♥အလွမ်းနဲ့ မျက်ရည်♥♥♥


♥♥♥အလွမ်းနဲ့ မျက်ရည်♥♥♥


ဖတ်ကြည့်ပါဦး...အလွမ်း…
ဘယ်ဘက်ရင်အုံမှာထ,ခဲ့တဲ့ ခုန်နှုန်းတစ်ခုက 
သူ့မရဲ့နှလုံးသားမှာ…
စမ်းတ၀ါးဝါးနဲ့ လွမ်းနာကျသလိုဖြစ်နေတယ်။

♥♥♥ အိမ်မက်မဖြူခဲ့သော ရင်ဝှက်ကကြိုး ♥♥♥

♥♥♥ အိမ်မက်မဖြူခဲ့သော ရင်ဝှက်ကကြိုး ♥♥♥


ရတု အဆက်ဆက်နဲ့ 
ကြိုးမိန့် ပြန်တမ်းထဲမှာ
တစ်သက်စာအတွက်
အနမ်းတွေကို တစ်ခမ်းတနားကြီး
ရေးသွင်းထားမိတယ်။

****မြတ်ဆရာပူဇော်ပွဲ*****

                                                         ****မြတ်ဆရာပူဇော်ပွဲ*****

                                                   မိတ္ထီလာနည်းပညာတက္ကသိုလ် (မြို့ ပြအင်ဂျင်နီယာဌာန)


2009/2010/2011 ပညာသင်နှစ် မြို့ ပြကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲကို 2013ခုနှစ် အောက်တိုဘာလ13 ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသဖြင့် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ 
ဝင်များထံသို့ အလှူငွေများထည့်ဝင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည် ။

                                                                                      မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ


ဆက်သွယ်လှူဒါန်းရန်-
ရန်ကုန် -ကိုခိုင်စိုး 09421043744
          -ကိုအောင်ပြည့်ဖြိုး 0943008130
          -ကိုဇော်ထွန်းလင်း 0943046290
မန္တလေး-ကိုစည်သူမင်း 09402556780
           -မခိုင်မွန်ကျော် 09402611668
နေပြည်တော်-ကိုသက်ထူးအောင် 09448549071
                - ကိုလှဘုန်းဝေ 0943034376
                - မညိမ်းညိမ်းအောင်စိုး 0943179865
မိတ္ထီလာ - ကိုဝင်းဇော်ဖြိုး 092201676
           - ကိုလင်းမြင့်အောင် 09448543741

ကဲ ရက်လည်းအတိအကျထွက်လာခဲ့ပါပီ ။ဆရာဆရာမတွေ အားမယ့်ရက်နဲ့ သူငယ်ချင်းတွေ စုလို့ရမယ့်ရက်ကို သေချာတွက်ပီးရွေးလိုက်တာပါနော် အားလုံးတတ်ရောက်ဖြစ်အောင်တတ်ရောက်ကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်
လိုအပ်ချက်ဆိုတာကတော့ရှိနေတတ်ပါတယ် သူငယ်ချင်းတို့ဘက်က လည်းထောက်ပြကြပေါ့ ဘယ်ဘက်မှာ ကျွန်တော်တို့
အားနည်းနေလဲသိရတာပေါ့နော် ကျေးဇူးတင်ပါတယ်

***မှတ်ချက်***
ဒီနှစ်တော့ ဒင်နာဖြစ်အောင်လုပ်မယ်စိတ်ကူးထားပါတယ်:) အစီအစဉ်အသေးစိတ်ကို
ဆက်လက်ဖော်ပြပေးပါမည်။
ကျွန်တော့်သူငယ်ချင်းတွေလည်း ပြန်လည်ရှယ်ပေးဖို့တောင်းဆိုပါတယ် သူငယ်ချင်းတွေအကုန်လုံးဆီကို ကျွန်တော်တစ်ယောက်တည်း ပို့တာ မရောက်နိုင်လောက်ဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။

♥♥♥ အတ္တမဲ့ မာန ♥♥♥

♥♥♥ အတ္တမဲ့ မာန ♥♥♥


ဘ၀ကိုဘောင်ခတ်ဖို့ ကြိုးစားတဲ့အခါတိုင်း
အလိုမတူတဲ့ သင်္ခါရတရားတွေက
ရင်ဝကိုဖြတ်ရိုက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။

♥♥♥ ငါသာလျှင် ဒြပ်မဲ့တစ်ခုဖြစ်လိုက်ချင်တယ်♥♥♥

♥♥♥ ငါသာလျှင် ဒြပ်မဲ့တစ်ခုဖြစ်လိုက်ချင်တယ်♥♥♥


ခံစားချက်မဲ့တဲ့ နှလုံးသားအိုအိုမှာ
စောင်းကြိုးတွေလာလာညိုနေတာ
အသြတ နဲ့ ပြောရရင်
ငါ့ဖြစ်ချင်တဲ့ ဆန္ဒက သိပ်ပီးတော့
မတောက်ပြောင်လွန်ပါဘူး။

♥♥♥ အတ္တမဲ့ မာန ♥♥♥

♥♥♥ အတ္တမဲ့ မာန ♥♥♥


ဘ၀ကိုဘောင်ခတ်ဖို့ ကြိုးစားတဲ့အခါတိုင်း
အလိုမတူတဲ့ သင်္ခါရတရားတွေက
ရင်ဝကိုဖြတ်ရိုက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။

အမြင်တွေကိုဖလှယ်ကြရင်း
တူညီတဲ့အဖြေကြားမှာ
မိုက်မဲတဲ့ သီအိုရီတွေကို ညီမျှခြင်းချ
ကျွဲတစ်ဖက် နွားတစ်ဖက်နဲ့ 
ကံတရားကို ဖိနပ်လုပ်စီးခဲ့တယ်။

♥♥♥ ဆေးဖက်မ၀င်ခဲ့သော အလွမ်း♥♥♥

♥♥♥ ဆေးဖက်မ၀င်ခဲ့သော အလွမ်း♥♥♥


ပုံမလာပန်းမလာနဲ့ အရိပ်တွေမိုး
တစ်ချက်လောက်ပြန်ငဲ့ကြည့်လိုက်ပါလား
ကျွှုန်ုပ်ဧ။် အသက် ထက်ဝက်စာအလွမ်းတွေက
အချစ်တွေကိုတေးသီနေခဲ့တာလွန်ပြန်ရော..။