♥♥♥အချစ်ရဲ့ ခေါက်ရိုးကျိုးဝါကျ♥♥♥

♥♥အချစ်ရဲ့ ခေါက်ရိုးကျိုးဝါကျ♥♥



အထီးကျန်ဆန်ဆန် ရိုးစင်းလွန်းတဲ့
ကျမရဲ့ ဘ၀ထဲမှာ ခါးသက်သက်
အနမ်းတွေ ရှိခဲ့ဘူးတယ်။
အုတ်ရောရော ကျောက်ရောရောဘ၀နဲ့ 
အိမ်မက်တွေကို ခြေဆင်း
နှလုံးသွေးတွေလည်း ပွက်ပွက်ဆူခဲ့တယ်။

အဖြူရောင် အက်ကြောင်း

အဖြူရောင် အက်ကြောင်း
****************************


အငွေ့ အသက်တွေကြားက
ငါ့ရဲ့ ၀ိဥာဉ် ..
တိမ်တွေရဲ့ ခေါ်ဆောင်ရာနောက်မှာ
အရိပ်လို့ တွယ်ငြိနေလေရဲ့ .......

မိုးနှင့်အတူကြွေ

မိုးနှင့်အတူကြွေ
*****************


ပါးပြင်မို့ မို့ မှာ မျက်ရည်တွေလဲစို့ 
တဒင်္ဂအတွေးထဲမှာ နစ်မျော
မဟူရာရောင် တစ်လက်လက်နဲ့ 
ငါ့အချစ်ကို ချစ်တမ်းကစားချင်ခဲ့တယ်။

ပန်းခြွေသူများ မလာရ >>>>>>>

ပန်းခြွေသူများ မလာရ >>>>>>>



တိမ်ငွေ့ တွေဖုံး
လေနုအေးတွေလည်း မ၀င်ခတ်ပါပဲနဲ့ 
ဒီရင်နုနုမှာ အလွမ်းတောင်တွေ ဖုံးနေရတာက
မုန်းမေ့မရသူတစ်ယောက်ရဲ့
အချစ်အမြုတေ တစ်ခုဖြစ်ခဲ့ရတာလားး

အချစ်......သို့ သော်

အချစ်......သို့ သော်
******************


မိန်းမသားတစ်ယောက်ရဲ့ မာနထဲမှာ
အလွမ်းနဲနဲထည့်ထားမိတယ်
အေးခဲ့စပြုနေတဲ့ ယောက်င်္ကျားတစ်ယောက်ရဲ့
မာနထဲမှာ မျက်မမြင်တစ်ယောက်ရဲ့ 
နှလုံးသားတစ်စုံကို ထည့်ထားမိခဲ့တယ်....။

နှလုံးသားပြတိုက်

နှလုံးသားပြတိုက်
***********


ရင်ပြင်ကျယ် တံခါးဝနားမှာ
အဆောင်အယောင်အတုနဲ့ 
သူယောင်မယ်တစ်ပါးးး
တေးသံသာကို ဟစ်ကြူးလို့ ပေါ့...

မောင်ရေ..
ကျမ နဲ့ အချစ်ကိုရန်ဖွဲ့ 
တေးကဗျာကို ကာရန်ချီ
ရင်ခုန်သံစည်းချက်တိုင်း
အမုန်းသံနှောစေရယ်လို့ များ
ဆုတောင်းမှားခဲ့တာလား

နှစ်ဘက်အသွားဓါးနဲ့ 
ကျမဘက်ကို ပြန်ပက်လို့ 
ထင်တိုင်းကြဲလို့ ရတဲ့ ကောင်းကင်ပြင်
ငိုစရာ ရှာမိသူက .အပြစ်ရှိသူလားမောင်

နားခိုရာ စက်ရိပ်ကင်းလို့ 
ဝင်ခွင့်လည်း မရှိပါပဲ
ဇွတ်တင်း မှိတ်ကြိတ်လို့ 
ရှင်ရဲ့ ပြတိုက်နံရံပေါ်က
အချစ် ပြယုဂ်လေးထဲမှာ
အမှီ သဘော ချစ်ခြင်းနှောလို့ 
ဝင်လာမိသူက အပြစ်ရှိလား မောင်....

ဆုတောင်းမှားလို့ ပြောသလားရှင်ရယ်
အချစ်တွေတည်စေ အမုန်းတွေပြယ်စေရယ်လို့ 
ဘ၀တစ်ကွေ့ မှာ ခဏတော့ ဆုတောင်းချင်ခဲ့တယ်

ချစ်ခင်လေးစားလျက်
ကဗျာရိပ်

အချစ်နဲ့ ကျွန်မ

အချစ်နဲ့ ကျွန်မ
*************************
အချစ်=ကျမ  ရင်ထဲတွင်ပွင့်အံ့လုလု စကားလုံးများ အချိုးမကျတကျနဲ့ ရေတွက်နေမိတာလား ဒါမှမဟုတ်စိတ်ခံစားချက်တစ်ခုကို ခုတုံးလုပ်လို့ ပြောစရာစကားတွေကုန်ခမ်းသွားတာလားး..အမှန်တော့လည်း သီအိုရီမှားနေခဲ့တဲ့ အမှန်တရားတစ်ခုက သူနဲ့ စတွေ့ တဲ့နေ့ ကအရောင်တွေပြောင်းလဲခဲ့တယ်ဆိုတာတော့ ကျမရဲ့ ရင်ခုန်သံတိုင်းကစကားတွေ ပြောနေခဲ့တယ်…ဒါလည်းပညပ်ချက်တွေစည်းခြားခဲ့တဲ့ဘောင်တစ်ခုဆိုရင် ကျမက ဘောင်ရဲ့အနားကိုကွပ်ပေးချင်တဲ့ အနားသတ်တွေအဖြစ်နေပေးချင်ခဲ့တယ်မောင်

♥♥♥..အလွမ်း ကွဲအက်သံ....♥♥♥

♥♥♥..အလွမ်း ကွဲအက်သံ....♥♥♥


အနာချိန်တက်နေတဲ့ အပြင်းဖျားရောဂါတစ်ခု
အနာတရ လမ်းမထက်မှာ ပြေးလွှားဆော့ကစားနေရင်း
ငါ့နှလုံးသားကို အမြစ်တွယ်ခဲ့တဲ့
ဒီဒဏ်ရာ ခပ်ပါးပါးက...
အလွမ်းတွေနဲ့ ပျော်မြူးနေလေရဲ.။

နှလုံးသား အစွန်းအထင်းနဲ့ လူ

နှလုံးသား အစွန်းအထင်းနဲ့ လူ


ရွှေဝါရောင် ပိတ်ကားပေါ်က
စကာတင်အချစ် ဇာတ်လမ်း
လွမ်းဆွေး တမ်းတ မနှစ်မြို့ ဖွယ်ရာ
ငါလည်း အဏ္ဍာဝါ ရေလက်ကြားက
အသားစားတဲ့ ဘီလူးတစ်ကောင်ပါ...

ဘာသာမဲ့ နှလုံးသား

ဘာသာမဲ့ နှလုံးသား
**********************

အတွေးက ခပ်သိမ်သိမ်
ရင်မူးပျော်ဝင် အချစ်တစ်ခုရဲ့ 
နိဒါန်းအစမှာ ....
ခေါင်းစဉ်မပါ
စာစီမကျ ...ဒီနှစ်လည်း ကူးခဲ့လေပြီ..
သံသယဆိုတဲ့ အဆီအနှစ်ကိုကျောပိုးရင်း

တိတယမြောက် အလွမ်း

တိတယမြောက် အလွမ်း
++++****+++++++

ကာရံ နဘေတွေ စကားလုံးချ
အသစ်မဖြစ်တော့တော့
ငါ့ရင်ဘတ် ဗလာကျင်းထဲမှာ
ဆွေ့ မြည့်စွာ ကျန်ရစ်လို့ 
နလန်လည်း မထူနိုင်ပြီခဲ့ပြီ
အဆိပ်ကခါးတယ်

ဖြေဆေး

ဖြေဆေး
*****

အနာဂတ်ကို ရေရွတ်ရင်း
ဟောင်းနွမ်းနေတဲ့ အတိတ်ကို
လှမ်းလှမ်းကြည့်နေ မိတယ်..
တောင်ပခဲ့ တဲ့ နေ့ တစ်နေ့ ရဲ့ အောက်
ပျားပျားဝပ်နေတဲ့  အလွမ်းတွေက
ခေါက်ရိုးကျိုးစ ပြုနေလေရဲ့ ......

♥♥♥...ကဗျာ ရှိုက်သံ....♥♥♥

♥♥♥...ကဗျာ ရှိုက်သံ....♥♥♥


တိုးတိုးပြောလို့ 
တိတ်တိတ်လေးကြေကွဲလိုက်မယ်
အလွမ်းသံမရောတဲ့ အမုန်းသံကင်းဇုံထဲ
မာယာတွေ ဖြတ်အပြေး
အချစ်တွေက ရှိုက်ငိုနေခဲ့ပြီ။

အရှင်သိစေ.....မြင်လှည့်ပါ

အရှင်သိစေ.....မြင်လှည့်ပါ



ရာသီချိန် မကြွေတဲ့ပန်းတွေ
အနားတစ်ဖက်စာလောက်
လှဲကျင်းနေလေရဲ့.........
ငါနားစည်ဝအသံ
ထပ်တစ်လဲလဲကြားလို့ 
မမြင်ချင်ယောင်ဆောင်တဲ့အိမ်မက်
ငါကိုလာလာနိုးနေတယ်......

အလွမ်းနဲ့ ခင်းသော ငါ့ရင်ဘတ်

အလွမ်းနဲ့ ခင်းသော ငါ့ရင်ဘတ်
*******************

တိုးတိတ်စွာ ငိုကြွေး
အတိတ်ရှိခဲ့တဲ့
ငါ့ရဲ့ မြစ်ပြင်ကျယ်လေးထဲမှာပေါ့
အပေါ့စားဆန်ခဲ့ တဲ့
ဒီမနက် ......
အထီးကျန်ဆန်မှု့ တွေအဖော်ပြုနေတယ်
ေ၀၀ါးနေတဲ့ တဒင်္ဂ မြင်ဖူးနေတာ
နင့် မျက်နှာဖြစ်နေတယ်

နွေအ၀င်လမ်းက ကျမနဲ့ မောင်

နွေအ၀င်လမ်းက ကျမနဲ့ မောင်
~~~~~~~~~~~~~~~~~


ခြောက်သွေ့ ပူပြင်း
မခူးပဲနဲ့ ကြွေခဲ့ရသူပါ....မောင်
ရွက်ဝါကြွေမြေခ
ဥသြငှက်နဲ့ လည်း မပြိုင်ချင်ပါမောင်

ချစ်တတ်သူတိုင်း လွမ်းစေချင်

ချစ်တတ်သူတိုင်း လွမ်းစေချင်
*******************

ငါ့ရေးတဲ့လွမ်းချင်း မလွမ်းတတ်သူမဖတ်ရ
ငါသိတဲ့အချစ်က နုံတယ်
ငါသိတဲ့ အမုန်းက အန်တုလို့ 
တယုတယ မပျိုးတတ်လို့ လား...ချစ်သူ

အရိပ်ဖွဲ့ တေး

အရိပ်ဖွဲ့ တေး
**********


သံစဉ်........
တေးဆိုသံငြီး ရူမငြီးဖွယ်
စိတ်သင့်ရာနဲ့  ပနံသင့်မယ်
လေရာယိမ်း ချစ်ယိမ်းကတယ်
အဆွေး တစ်သက် ရွေးဖို့ ရာခက်တယ်..........

အချစ်ဆိုတာရှင်သန်ခြင်းလား ?

အချစ်ဆိုတာရှင်သန်ခြင်းလား ?
********************


love is alive တဲ့အချစ်ဆိုတာ ရှင်သန်ခြင်းဆိုပဲ အမှန်တရားရဲ့နားခိုရာချစ်သူအရိပ်စေရာ ခံစားချက်ကိုဖော်သွင်းပြီး ပုံဖော်ကပြနေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းနဲ့ တူတယ်....အများးသုံးနေသလိုအမည်ဖော်ချင်ပေမဲ့လည်း

ကကြိုးထဲက ဇာတ်လိုက်များ

ကကြိုးထဲက ဇာတ်လိုက်များ
*****************


ဇာတ်ဆရာအလိုကျပေါ့ချစ်သူ
ပြုံးယောင်သမ်း ဘီလူးခေါင်းလည်း
ဆောင်းရတယ်....
ဆွေးယောင်သမ်း နှစ်ပါးသွားလည်း
ကရတယ်.....

ပျိုးမိသောလက်

ပျိုးမိသောလက်
**********


အနာတရ လမ်းမထက်မှာ
သစွာတွေ ကိုဆေးကြော
မှားမှန်းမသိ မှားလို့ 
သြ၀ါဒတွေကို ဆုချွှေနေမိတယ်
စုတ်ချက်တိုင်းရဲ့  ဆေးချက်တွေက
အလင်းက မှိန် ဆေးကလည်း ပြယ်ခဲ့ပြီ......

နှင်းဆီမေ ..........သို့ 

နှင်းဆီမေ ..........သို့ 


စာလွှာတွေ ပေး ချစ်ခြင်းသံသာ
ပင်လယ်ပြာပြာ ရေတံခွန်ကြား
အဆင်းလှတဲ့ ရှင်နှမငယ်ရေ
မြင်မြင် ချစ်ခြင်း
စိတ်သဘောနဲ့  အတွင်းမနောသံတွေ
မရောနှောစေဖို့  ဒီမောင်ရင်တွင်း
အစဉ်မမှားဖို့  လမ်းကြောင်းလေးတွေ
ခင်းပါရစေ..........

အချစ်နဲ့ ကျမရဲ့ ရှင်သန်ခြင်း

အချစ်နဲ့ ကျမရဲ့ ရှင်သန်ခြင်း
******************


အလွမ်းတွေဆိတ်သုန်း အမုန်းမရှိခဲ့တဲ့ ကျမရဲ့ မြို့ ရိုးတံခါးဝမှာ
လေနှင့်ရာကို ရွှက်လွင့် စိတ်တွေကို အဝေးပစ်လိုက်ချင်တယ်

ခါးသက်သက်အနမ်းတွေကို အန်ချလို့ 
စိတ်တံခါးလေးတစ်ချက်အဖွင့် ငါမြင်နေတာက မုန်းမေ့မရတဲ့ နင့်မျက်နှာတစ်ချပ်

အူတူတူအတတနဲ့ နင့်ရင်ခုန်သံကိုနားထောင်ခဲ့မိတယ်
အပြင်လေတစ်ချက်အဝှေ့ မှာ အဆိပ်တွေ ပြန်ကျဲ့ 
တူမတူတဲ့  အချစ်တစ်ခုပါလားးးးးးးးး

ချစ်သူသိဖို့ ဖတ်ပြမယ်

ချစ်သူသိဖို့ ဖတ်ပြမယ်
***************


တိမ်တွေကိုခြေရာကောက်လို့ 
ချစ်သူပျောက်လို့ ရှာမိတယ်
အရောင်အသွေးစုံတဲ့ လောကကြီး
ငါ့လို နှလုံးသားနု အသည်းနုတဲ့သူကိုမှ
ဟားတိုက်လို့ ရယ်မော
နင်ပြယ်ရယ်လည်း ပြုခဲ့တယ်.........

*********သိပ်မုန်းမိတယ် ဗယ်လင်တိုင်းရယ်*********

*********သိပ်မုန်းမိတယ် ဗယ်လင်တိုင်းရယ်*********


မုန်းတယ်.......
အံသြစရာ မုတ်သုံလေနဲ့ 
ချစ်သူရဲ့ စာမျက်နှာကို တစ်ချက် ဖွင့်အကြည့်
အရောင်ပြေးတစ်ခုရဲ့ နားခိုရာ
နင်မှေးစက်ခဲ့တဲ့ 
ပန်းစည်းတွေကလည်း ပြန်ကျဲနေလေရဲ့ 

သူ..စေညွှန်းရာ....စေ

သူ..စေညွှန်းရာ....စေ
***************

အချစ်တွေယိုဖိတ်လို့  ကျမနှလုံးအိမ်ထဲမှာ
ပက်ကြားအပ် ရင်ကွဲနာစတွေက
ငါ့နှလုံးသားကို တဆစ်ဆစ်နာကျင်စေခဲ့တယ်
အမှောင်အတိရှိနေတဲ့ အခန်း
လိုတရ မီးကျီတစ်ခု လိုချင်မိတာ
ကျမရဲ့ အမှားလားးးးးးးးးးး

*****ကျေနပ်ပါတယ်******

*****ကျေနပ်ပါတယ်******


ပုံစံတွေလည်း မခမ်းနားခဲ့ပါဘူး
တောင်ပြန်လေတစ်ချက်ရဲ့ အဝှေ့ မှာ
အချစ်တွေ ပစ်ချခံခဲ့ရတာ
မဝေရက်ပေမဲ့ ကျေနပ်ခဲ့ပါတယ်ချစ်သူ....

*****အကြွေပန်းတွေနှင့်အတူ*****

*****အကြွေပန်းတွေနှင့်အတူ*****


တကယ်ဆို..
ပြင်းပြင်းချချ ရသတစ်ခုကို
အသက်သွင်း မှောက်မိုက်တဲ့
မျက်နှာပြင်မှာ ဆေးရေးခြယ်နေခဲ့မိတယ်
ရလဒ်ရဲ့အဆုံး နှစ်မျို့ ဖွယ်ရာမရှိ
ယိုင်နဲ့ စွာ လှမ်းခဲ့တဲ့
နှလုံးသားတစ်စုံက
လက်ယှက်ခေါ်နေခဲ့လေတော့...

မိုးနှင့်အတူကြွေ

မိုးနှင့်အတူကြွေ
**********
ပါးပြင်မို့ မို့ မှာ မျက်ရည်တွေလဲစို့ 
တဒင်္ဂအတွေးထဲမှာ နစ်မျော
မဟူရာရောင် တစ်လက်လက်နဲ့ 
ငါ့အချစ်ကို ချစ်တမ်းကစားချင်ခဲ့တယ်။

အဖြူရောင် အက်ကြောင်း


အဖြူရောင် အက်ကြောင်း
**************










အငွေ့ အသက်တွေကြားက
ငါ့ရဲ့ ၀ိဥာဉ် ..
တိမ်တွေရဲ့ ခေါ်ဆောင်ရာနောက်မှာ
အရိပ်လို့ တွယ်ငြိနေလေရဲ့ .......

မှော်ဝင်ကြိုး


မှော်ဝင်ကြိုး
*******










အဆိပ်သင့်ခဲ့ဖူးသော ပန်းသီးတစ်လုံး
အနာတရရှိခဲ့ဖူးသော နှလုံးသားတစ်စုံ
ကွဲကြေပျက်ယွင်း အမည်းစက်ချင်းတော့
တူညီခဲ့ကြတယ်။

^^^^^မနက်ဖြန်တိုင်း လွမ်းပါရစေ^^^^^

^^^^^မနက်ဖြန်တိုင်း လွမ်းပါရစေ^^^^^











 
မောင်......
အကြင်နာ ရင်မှာ မှတ်လို့ 
အဖြေရှာ ရင်မှာမငြိပဲ
နင်ပစ်ခွာသွားတာ ရက်စက်တာ
မဟုတ်ဘူးတဲ့လားးး မောင်

အသင့်ရှိခဲ့သော (အချစ် )

အသင့်ရှိခဲ့သော (အချစ် )


ချစ်သူ.....
ကဗျာကိုချစ်တတ်သူတူိုင်းရဲ့စိတ်တွေက
နှုးညံသိမ့်မွေ့ တတ်ကြတယ်
စာပေကို ချစ်မြတ်နိုးသူတွေကျတော့
အတွေးအခေါ်လေးတွေရင့်ကျက်တတ်ကြပြန်တယ်
ချစ်သူကတော့...
ပေလွှာတွေကို ခြေရာတွေနဲ့ ဖျက်လို့ 
စေတနာတွေကို ဖယ်ရှားခဲ့တယ်..