♥♥♥ မှန်တစ်ချပ်ရဲ့ အမြင်အာရုံ ♥♥♥

♥♥♥ မှန်တစ်ချပ်ရဲ့ အမြင်အာရုံ ♥♥♥ 


ပြုံးလိုက်ပါ ချစ်သူ
နားခိုခြင်းရဲ့ လမ်းတစ်ဝက်မှာ
အမြင် အာရုံတွေ မပျောက်ဆုံးချိန်ထိပေါ့။

♥♥♥မျက်ဝန်းဖြင့် လမ်းလျှောက်ထွက်လာခြင်း♥♥♥

♥♥♥မျက်ဝန်းဖြင့် လမ်းလျှောက်ထွက်လာခြင်း♥♥♥


မနက်ဖြန်တိုင်းရဲ့ မျက်ဝန်းတွေ
အချစ်နဲ့ ဖွဲ့ သီလို့  နိုးထလိုက်ပါရစေ။

မှော်ဝင်အပြုံးတွေ ရင်မှာတွဲခိုလို့ 
ဥပက္ခာတရားတွေရဲ့ နီးစပ်ရာမှာ
တပ်မက်စွာရူးခဲ့မိတဲ့ မျက်ဝန်းတွေကို
စိမ်းကားခြင်းရဲ့ အောက်မှာ
ဖြန့် ကျက်ထားနေမိတယ်။

ဘာလဲ အချစ်ဆိုတာ ????

ဘာလဲ အချစ်ဆိုတာ ????

တစ်ခါတလေ အချစ်ဆိုတာ ကိုယ်က လိုက်နေရင် သူကပြေးတတ်တဲ့ ယုန်သူငယ်လေး တစ်ကောင်နဲ့ တူတယ်...
တစ်ခါတလေ အချစ်ဆိုတာ ကြေကွဲမှု့ ကို ခြေရာခံပြီး လွမ်းဆွတ်တမ်းတမှု့ တွေကို ပေးတတ်တဲ့ အလွမ်းသမားတစ်ယောက်နဲ့ တူတယ်..

အနမ်းနေ့ စွဲ.....တစ်ထောင့်ငါးရာ

အနမ်းနေ့ စွဲ.....တစ်ထောင့်ငါးရာ

ကောင်လေးရေ........
နေ့ စွဲတွေကို ရေတွက်ရင်း
ကျောခိုင်းသွားခဲ့တဲ့  နင်ရဲ့အချစ်တွေကို
အမှတ်မရှိ တဲ့ ငါ့အသည်းက
နင့်ရဲ့ အသက်မပါတဲ့အနမ်းတွေနဲ့ အတူ
တမ်းတစွာ မက်မောခုံမင်နေခဲ့ဘူးတယ်...........

ရပ်တည်ချက်

ရပ်တည်ချက်

စမ်းတ၀ါးဝါးလျောက်ခဲ့တဲ့ လမ်း
အဆုံးရောက်လည်း ယောင်ဝါးဝါးပါလား
ဆန္ဒတစ်စုံ ရင်မှာရှိရင်တောင်
မင်းလျှောက်မည့်လမ်း မှန်ကန်နေအုံးမယ်........
ရွက်ဖျင်တဲ ထဲက မှေးမှိန်စပြုနေတဲ့ မီးအရောင်
အထင်ကရဖြစ်တဲ့ မြို့ပြမီးနဲ့ တော့ မနှိုင်းလိုက်ပါနဲ့ 
တန်ဖိုးဆိုတာ ကိုယ်ကိုတိုင်ဖြတ်လို့ ရတဲ့အရာဆို
မင်းတန်ဖိုးကို မင်း မြင်နိုင်ပါစေ..........

သိက္ခာတရား

                                             သိက္ခာတရား

သိက္ခာတရားဆိုတာ.......
ကျယ်ကြီး မြင့်မြတ် လူ့ အသိုင်းအ၀ိုင်းကြားက
ပေါက်ဖွားလာခြင်း မဟုတ်သလို့  ဆင်းရဲနွမ်းပါး
လူ့ အသိုင်း ၀ိုင်းကြားက ပေါက်ဖွားလာခြင်းလည်း
မဟုတ်ဘူးးးးးးးး

ဤနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့်မပြု

ဤနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့်မပြု

ချစ်သူ.......
ကျောင်တိုင်လို့ မာကျောခဲ့တဲ့
ငါနှလုံးကို အရုပ်တစ်ရုပ်လို သဘောထား
ပစ်စလက်ခတ် အငြိုးကြားမှာ  အမုန်းနှောခဲ့ပြီမှ
တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ 
ကျေနပ်နှစ်သိမ့်နေရအုံးမှာလားး......

အချစ်ရဲ့ကျေးကျွန်

အချစ်ရဲ့ကျေးကျွန်

ချစ်တဲ့သူရေ...........
ခေါင်းစဉ်တွေက မလှပ
ဒဏ်ရာတွေက ဗရပွ
အနာဂတ်ကတော့ ဆုတ်ရှာသွားပြီ
နောက်ကြောင်းပြန်လှည့်ရင် လည်း
အတိတ်ဆိုတာက
လှောင်ပြုံး ပြုံးခံနေရတဲ့ ငါဘဝ
ဘယ်နေရာကြည့် ကြည့် အဖြူ အမည်း တောင်
မကွဲခဲ့ပါလားကွယ်..........

ချစ်သူအတွက်ကြေငြာစာတမ်း

  ချစ်သူအတွက်ကြေငြာစာတမ်း


ရင့်နစ်အောင် ချစ်လည်း
ရင်ပွင့်မတတ်ပဲခံစားရတယ်
ဒီရင်ဘတ်က အနာရွက်က
ငါ့အတွက်တော့ တစ်သက်မပျောက်တော့ဘူးချစ်သူ....

အပြစ်ဖြင့် ဖန်ဆင်းမိသော အချစ်တစ်ခု

                                              အပြစ်ဖြင့် ဖန်ဆင်းမိသော အချစ်တစ်ခု


ချစ်သူ..
နင်ပြုံးဆိုရင် ငါပြုံးမယ်ချစ်သူ
နင်မဲ့ ဆိုရင်လည်း ငါမဲ့လိုက်မယ်ချစ်သူ
ဒါပေမဲ့ အကြောင်းပြချက်မရှိပဲ..
နင်မုန်းခိုင်းမယ်ဆိုရင်တော့
ခဏလောက်တော့စဉ်းစားပါရစေ.....

သတိ........အချစ်၏ နယ်နိမိတ်အလွန်တွင်

သတိ........အချစ်၏ နယ်နိမိတ်အလွန်တွင်

ချစ်သူရေ.....
ဖောက်လွဲဖော်ပြန် ပြုတတ်တဲ့
လောကဓံထဲမှာ နင် နဲ့ ငါက
ကြိုးပြတ်သွားတဲ့ စွန်တစ်ခုလို
ပြတ်တောက်သွားခဲ့ကြတာ...
ဲဖြစ်သင့်ရဲ့လားးး

ကျွန်မချစ်သူပြောသော အချစ်အကြောင်း

ကျွန်မချစ်သူပြောသော အချစ်အကြောင်း


ချစ်သူ မင်းသာ ငါရဲ့ အရိပ်တစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်
ငါကတော့ မင်းရဲ့ အရိပ်ကို မိုးပေးနိုင်တဲ့ အမိုးအကာတစ်ခုဖြစ်ချင်တယ်။

ချစ်၍မုန်းခဲ့သည်

                                                             ချစ်၍မုန်းခဲ့သည်



သူသိအောင်ပြောပြမယ်
ချစ်တာကို ချစ်တာနဲ့ 
ပေါင်းရင် မေတ္တာဆိုတာ
နှိုင်းယှက်မရှိဘူးးး

အလွမ်းသင့်သွားသော ရင်ခုန်သံ

အလွမ်းသင့်သွားသော ရင်ခုန်သံ

ခပ်ပါပါးလေးရှသွားခဲ့တဲ့
အချစ်တွေက ရင်ခုန်သံအစစ်တွေ
မဟုတ်ခဲ့ဘူးလားကွယ်..
ငါတောင်းတတဲ့ နင့်ရဲ့အချစ်က
ခပ်နွမ်းနွမ်းလေး ပါပဲလား.....

စိတ်ကြွေတယ် ချစ်သူ..

စိတ်ကြွေတယ် ချစ်သူ..

အရိပ်နေပြီး အခက်ချိုးခဲ့ပေမဲ့
အဆိပ်မြင်ပြီး အန်မထုတ်နိုင်ခဲ့ဘူး
နင်က ငါရဲ့ စိတ်တွေကို ဖဲ့ဖဲ့စားနေတာ
အခုဆို သူကပြောနေပြီ..
ရက်စက်ချင်တာလားတဲ့.....

စိတ်ကူးနဲ့ ပဲချစ်ချင်တယ်

စိတ်ကူးနဲ့ ပဲချစ်ချင်တယ်

အချစ်ရေ.......
ကမ္ဘာပေါ်မှာရှိတဲ့ အချစ်တွေ
စံတင်လို့ ရတယ်ဆိုရင်
ငါတို့ နှစ်ယောက်ရဲ့ အချစ်က
ဟာသများ ဆန်ခဲ့ လေသလားကွယ်.........

နင်မကြွေရင် ငါမဝေပါဘူးချစ်သူ......

နင်မကြွေရင် ငါမဝေပါဘူးချစ်သူ......


ချစ်သူ....အမြင်မတူလို့  လမ်းခွဲတယ်ဆိုရင်လည်း
အသွင်တူအောင်တော့ စောင့်သင့်တာပေါ့ ချစ်သူ...
ရေမြင်ရင် ရေလွမ်းပြီး ကြာမြင်ရင် ကြာလွမ်းဆိုတာ
ငါအတွက်တော့ မဟုတ်ဘူးချစ်သူ......

မိုးနှင့်အတူကြွေလွင့်သွားသော မျက်ရည်စများးးးစွာ

မိုးနှင့်အတူကြွေလွင့်သွားသော မျက်ရည်စများးးးစွာ

နွေကဗျာတွေ ရင်မှာလည်း မတွေးချင်ဘူး
ဖြေစရာမြေ ရယ် ဘယ်နေရာမှမရှိတော့ဘူး
ငိုစရာကြွေစရာမျက်ရည်တွေလည်း ဒီကမ္ဘာမှာမရှိတော့ဘူး
တိမ်တွေသာ အဖော်ပြုမယ်ဆို
နွေကန္တာမှာ အဖော်ပြုတဲ့ပန်းခြောက်
ဝေဆာစွာပွင့်နိုင်မှာပါ.......ကွယ်..................


ကျွန်မသိခဲ့သော အချစ်ဆိုသည်မှာ......

ကျွန်မသိခဲ့သော အချစ်ဆိုသည်မှာ......

အဖြေမရှာနိုင်တဲ့ ပုစ္ဆာတပုဒ်ကို ကိန်းဂဏန်းတွေချ
ရေတွက်လို့ မရတဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ပြီး
မောဟဆိုတဲ့ ဖော်ပြလို့ မရတဲ့ အတိတ်တွေကိုရေတွက်ြ့ပီး
နောက်ကြောင်းပြန်လှည့်ဖို့ လည်း တွေးခဲ့မိဘူးတယ်......

ချစ်သူထံ.......အိတ်ဖွင့်ပေးစာ

ချစ်သူထံ.......အိတ်ဖွင့်ပေးစာ

ချစ်ရိပ်ဝေပြီး ချစ်ခွန်းသီပါရစေ..ချစ်သူ
ယနေ့ မှချစ် နှစ်တစ်ရာတိုင်
မခွဲမခွာလက်ကို တွဲပြီး
တူယှဉ်လျှောက်လှမ်းပါရစေ..............

လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်...

လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်...

အဖြူရောင် ပ၀ါ ပါးပါးလေးကို
အရောင်တွေခြယ်ပြီး ခိုင်းစေခဲ့ဘူးတဲ့ချစ်သူ
အခုတော့လည်း ဝေဒနာ အဖြေရှာခွင့်တောင်မပေး
နေရာသစ်မှာ ပျော်မွေ့ နေပြီးပေါ့...


လွမ်းပင်အောက်ကစောင့်နေမယ်...........ချစ်သူ

လွမ်းပင်အောက်ကစောင့်နေမယ်...........ချစ်သူ


မုန်း တဲ့ စကားတစ်ခွန်းတော့ ပြောပါရစေ ချစ်သူ
ချစ်ခြင်းမပါတဲ့ ဒီဇာတ်လမ်း
ရေတွက်စရာမလိုပေမဲ့
အိမ်မက်ဟောင်း ဒဏ်ရာတစ်ခု
မကျက်သေးဘူး ချစ်သူ.......

ယနေ့ မှစ၍ ကျွန်မနှလုံးသားကို သော့ခတ်သိမ်းဆည်းထားလိုက်ပြီ..

ယနေ့ မှစ၍ ကျွန်မနှလုံးသားကို သော့ခတ်သိမ်းဆည်းထားလိုက်ပြီ..


ကျွန်မ ချစ်သော ချစ်သူသိစေရန်........
မကြေငြာချင်ပေမဲ့ ကြေငြာလိုက်ချင်ပြီ...
နင့် ကို ချစ်တဲ့အချစ် စာမဖွဲ့ လောက်ပေမဲ့လည်း
အရင်ကထက်တော့အချစ်လျှော့လိုက်ပြီ...

ရင်ခုန်သံထပ်တူဖြစ်ရင် ကြည်ဖြူမယ်

ရင်ခုန်သံထပ်တူဖြစ်ရင် ကြည်ဖြူမယ်


မမေ့ ပါရစေနဲ့ သက်ဆုံးတိုင်
ချစ်ပါရစေ တစ်သက်မမုန်းနိုင်
လွမ်းပါရစေတော့ ထာဝရတိုင်
မမေ့ ပါရစေနဲ့ အိမ်မက်တိုင်း
နာကျည်းပါရစေတော့ တစ်ခဏတာ
ချစ်ပါရစေတော့ တစ်ဘ၀စာ
ငိုပါရစေ တစ်ခဏတာ
ပျော်ပါရစေ တစ်သက်တာ
ချစ်သူ.........
အပြစ်မယူစွာ ချစ်တဲ့အချစ်
လစ်လျူစွာ ထားမယ်ဆိုရင်လည်း
ကျန်ရစ်သူ ငါက ကြည်ဖြူစွာကျန်ရစ်
ရင်ပူစွာ နေရမှာပါ ချစ်သူ........
ချစ်သူ..........
ဒီကမ္ဘာမှာ တစ်သက်ပြုံးတဲ့အပြုံး
နောက်သံသရာထိ ရှိနေအုံးမယ်ဆိုရင်
နင်အတွက်ဆို ရင်နာနာနဲ့ ပြုံးနေအုံးမှာပါ...
ချစ်သူ.........
တစ်ဖက်ကမ်းမှာ နေ့ 
တစ်ဖက်ကမ်းမှာ ည
နင်အတွက်ဆို နေ့ နဲ့  ညကို
ငါရဲ့ မေတ္တာ တရားနဲ့ ပေါင်း
အချစ်ကမ္ဘာ တစ်ခုတည်ဆောက်ပေးပါမယ် ချစ်သူ........
ချစ်တတ်သူတိုင်းခံစားနားလည်နိုင်ကြပါစေ.....ကျေးဇူးတင်လျက်
မေဟန်နီ

ရှေ့ဆက်မှာလား ? လမ်းခွဲမှာလား ?

ရှေ့ဆက်မှာလား ? လမ်းခွဲမှာလား ?
ချစ်သူ........
လှပတဲ့ သံစဉ်တွေချယ်မှုန်းပြီ
ကာရန်ပန်းချီတွေချယ်ကာသသလို
နင် နဲ့ ငါ့ အချစ်
သိပ်ကဗျာဆန်ခဲ့တယ်...
ဆိုပေမဲ့လည်းကွယ်..

ဇွဲနှင့်အောင်ပွဲ

ဇွဲနှင့်အောင်ပွဲ
ဒီပို့ လေးကိုဖတ်မိလိုက်တဲ့အချိန်မှာဟန်နီလည်းတစ်ခုခုကိုနားလည်လိုက်မိပါတော့တယ်....လူသားတိုင်းက
ကိုဆီကိုအရင်လာတဲ့အခွင့်အရေးကိုလက်လွန်ဆုံးရှုံးလိုက်ရမှအဖိုးတန်မှန်းသိပါတော့တယ်.လူတွေကအသာစံဖို့ ပဲ
တွေးပြီးအနာခံဖို့ ကျတော့ ကြောက်တတ်ကြပါတယ်...အနာမခံရင် အောက်မှာ ပြောထားတဲ့ကုလားတက်လေးလိုအမြဲတမ်းသူများခေါက်
တာကိုအမြဲခံနေရတော့မှာပါပဲကွယ်........

အချစ်ဆိုသည်မှာ...........

အချစ်ဆိုသည်မှာ...........



ချစ်သူ...........
ရင်ခုန်ခြင်းရဲ့ အခြားတစ်ဖက်မှာ.................သာယာနာပျော်ဖွယ်ကောင်းတဲ့အချစ်သံစဉ်ချိုတွေရှိတယ်
အောက်မေ့တမ်းတခြင်းရဲတစ်ဖက်မှာ....လွမ်းမောဖွယ်ရာကောင်းတဲ့အတိတ်ရဲ့ နောက်ကြောင်းတွေရှိတယ်
နာကျည်းမှု့ တွေရဲ့တစ်ဖက်မှာ...................အမုန်းဆိုတဲ့သာယာချိုမြိန်မှု့ မရှိတဲ့အိမ်မက်ခါးခါးတွေရှိတယ်

သစ္စာတရားအတွက်မီးအိမ်တစ်လုံးနှင့်ခရီးထွက်ခြင်း

သစ္စာတရားအတွက်မီးအိမ်တစ်လုံးနှင့်ခရီးထွက်ခြင်း

၁)
အရှင်…
သင်၏ ခေါ်ရာ
ထပ်ချပ်.. ငါ.. လိုက်ပါမည် ။
ကြယ်တစ်ပွင့်ကို ဆွဲယူ
ငါ့ကို… ထူပါ ။

အမုန်းကြားက အသည်းစကားတစ်ခွန်းတော့ ပြောပါရစေ..




ချစ်သူ..............
ရင်လွှာကို ပေတရာ ထင်ပြီမောင်းရအောင်
ငါက နင်ထင်တဲ့ ကုန်တင်ကားတော့မဟုတ်ဘူး
ကြွေစရာပင် မရှိတဲ့ဘ၀မှာ
ဒီဝေဒနာကို ထမ်းပိုးရမယ်ဆိုတော့
ရက်စက်တာမဟုတ်ရင်
ကြင်နာတာလား ချစ်သူ...

အချစ်နဲ့ ထုဆစ်မိတဲ့ နှလုံးသားတစ်စုံ

အချစ်နဲ့ ထုဆစ်မိတဲ့ နှလုံးသားတစ်စုံ
ဖွဖွလေးလှမ်းလာတယ် ရင်ခုန်သံ
အနားရောက်တော့ ခြေရာဖျောက်ခဲ့တယ်
တိုးတိုးတိတ်တိတ် မလာတတ်တဲ့အလွမ်း
အနားရောက်တော့ တောင်ပုံရာပုံပါလား
ချစ်သူရဲ့ မျက်ရည် မြေခမှာကို
တကယ်ကိုစိုးကြောက်မိပါတယ်..
မင်းသိမယ်ဆိုဘုရားစူး ကြိမ်ရဲတယ်...
တကယ်ချစ်တာ သေချာအောင်
ငါရဲ့ အချစ်တွေ အချစ်စူး ဆူပါရစေ
အဲဒီလောက်ချစ်တဲ့ အချစ်
နင်အတွက် ကဗျာမဆန်ရင်
မင်နီပြပြီးနား လိုက်ပါတော့
ရလဒ်က သုည
နင်အတွက်တော့ တစ်ဘ၀ဆိုရင်
ငါ့အတွက်တော့ဗလာနတ္တိပါ...ချစ်သူ
ခံစားနားလည်နိုင်ကြပါစေ

စိတ်ရဲ့ စေညွန်းရာ

စိတ်ရဲ့ စေညွန်းရာ

အတွင်းသဘော မဆိုးပါနဲ့ 
အပျက်သဘော မဆောင်ခဲ့နဲ့ 
လူ့ စိတ်ရဲ့ တွေးဖို့ ခက်တယ်
အမြင်ရှင်း ဖို့ ထက် အမြင်မကျဉ်းဖို့ လိုတယ်...........
ဘောင်မရှိမှန်းလည်းသိ
အဆောင်စည်းကမ်းတွေပြောတော့
နားထောင်သူရင်မှာ ဘ၀င်မကျတာတော့အမှန်..........
ဦးနှောက်ကို အပူပေးရင်
မီးစာကုန် ရေခမ်းတာပဲ
မင်းအတွက်ကျန်မှာပေါ့
နားရှိလို သာကြားရတယ်
ေ၀၀ါးနေတဲ့ နင်အသံက
ငါနားနဲ့ တော့ အံဝင်ခွင်ကြမဖြစ်ဘူး....
စိတ်ရှိတိုင်း လျှောက်ပြောနေရင်
တန်ဖိုးမဲ့ အချိန်တွေ ဖြစ်ကုန်မှာပေါ့
စိတ်ကြောင့် ရတဲ့ ဒဏ်ရာ
တစ်သက်ကုလို့ ပျောက်မယ်ဆိုရင်
စေညွန်းတဲ့ စိတ်က မင်းအတွက် တော့
အနာတရ ဖြစ်မှာသေချာတယ်............
ချစ်ခင်လေးစားလျှက်...

ချစ်တတ်သူတိုင်းရဲ့နှလုံးသားတွင်

ချစ်တတ်သူတိုင်းရဲ့နှလုံးသားတွင်


အမည်အက္ခရာ စာစီချလည်း
ပြောမပြတတ်အောင်ချစ်တယ်
နှလုံးသားတွေ အရည်ပျော်သွားလည်း
မေ့မရအောင်ချစ်တယ်..
နာကျင်မှု့ တွေ အမြစ်တွယ်နေပါစေ
နာကျင်မှု့ နဲ့ စက္ကန် ခြား ချစ်လို့ ရလည်း
ချစ်ချင်တယ်.......

ဤသစ္စာစကားမှန်ကန်ခဲ့မည်ဆိုပါလျှင်

ဤသစ္စာစကားမှန်ကန်ခဲ့မည်ဆိုပါလျှင်
ချစ်သူ
ဒီပေလွှာ ဒီစာစကားနဲ့ 
ချစ်စရာတွေ သီကာကုံးပါရစေ
တောင်တန်းတွေကို သက်သေပြု
ငါ့ ရဲ့ သစ္စာမှန်ကန်ခဲ့ရင်
နှလုံးသားမှာ အလွမ်းသံလေး ကင်းပါရစေ.........