ဒုတိယအကြိမ်အာစရိယပူဇော်ပွဲ မှတ်တမ်းပုံများ

19.10.2013 စနေနေ့
တညလုံးရွာသွန်းနေတဲ့မိုးရေစက်တွေရဲ့ အသံနဲ့အတူ စိတ်ထဲမှာ ပူပင်သောကရောက်နေခဲ့တယ်။

မနက်ဖြန်ဆရာကန်တော့ပွဲ ဒီမိုးရွာပုံနဲ့ ကျောင်းသားတွေစုံမှ စုံပါ့မလား။အစစအရာရာ အဆင်ချောပါ့မလား
တွေးရင်းနဲ့ မနက်မိုးလင်းခဲ့တယ်။ တော်သေးတာပေါ့ မနက်ရောက်တော့မိုးက တိတ်သွားလို့
နိုးနိုးချင်း ဖုန်းကို လှမ်းယူကြည့်လိုက်တော့ အားပါးးးးးးးးးးးး
လွဲသွားတဲ့ ဖုန်းခေါ်ဆိုမှုတွေက မနဲမနော။ စဉ်းစားတာကို အမြန်ဖြတ်ပီး ကျောင်းသွားဖို့ပြင်ဆင်မှ

လုပ်စရာတွေက အများကြီးကျန်သေးတယ် ဆိုပီး ရေကတန်းကမန်းချိုးပြီး ကျောင်းထွက်လာခဲံတယ်
8နာရီဝန်းကျင်လောက်ရောက်တော့ သူ့ဟာနဲ့သူ သူ့အဖွဲ့ နဲ့သူ ရောက်လာလို့ တော်တော်လေး သက်သာ
ပီး ပင်ပန်းတာတွေပြေခဲ့တယ်။ပျော်ပျော်ရွင်ရွှင်နဲ့ ဝိုင်းလုပ်ပေးခဲ့တယ် သူငယ်ချင်း ညီကိုမောင်နှမတွေကိုကျေးဇူးတင်ကြောင်း
ပြောကြားရင်း ပုံတွေက facebook ကနေတင်တာ ဘယ်လိုမှတင်မရဘူး အခု ဒီမှာလည်း သိပ်အဆင်မပြေဘူး အစီအစဉ်အတိုင်းတင်တာ မရဘူးဖြစ်နေတာ ဒါပေမယ့် တင်မရတာထက်စာရင်တော့ မဆိုးပါဘူး နားလည်ခွင့်လွှတ်ပေးပါနော်













♥♥♥ ချစ်သူအတွက် အနမ်းတစ်စက် ♥♥♥

♥♥♥ ချစ်သူအတွက် အနမ်းတစ်စက် ♥♥♥





ကြယ်တွေ အဆုပ်လိုက်ကြွေကြပီချစ်သူ
ကောင်းကင်ပြင်တစ်ခုလုံး
ကြယ်တွေ မှိုင်းတိုက်နေကြလို့ 
နင်လာရာလမ်းမှာ ငါ့အနမ်းတွေ
လမ်းခင်းထားပေးမယ်ချစ်သူ။

♥♥♥မာယာမြစ်ထဲက အလွမ်းတစ်စက် ♥♥♥

♥♥♥မာယာမြစ်ထဲက အလွမ်းတစ်စက် ♥♥♥
 
 


အဲဒီမြစ်ထဲမှာပေါ့...
တည်မြဲခြင်းမရှိတဲ့ အနာ၈တ်နဲ့ အတူ
အိမ်မက်တွေကို ရွက်လွှင့်ဖို့ ကြိုးစားခဲ့တယ်။

မာယာမရှိတဲ့ လောကကြီးက
မခမ်းနားဘူးတဲ့ ချစ်သူ
ပဉ္စလက် ဆန်ဆန်ပြောရရင်
ရင်ခုန်သံဆိုတာ နင် ဆိုတဲ့ ဝေါဟာရမရှိခင်တုန်းကတော့
နတ္ထိဗလာပေါ့။

♥♥♥ အက္ခရာမဲ့ အချစ်ရှင်းတမ်း ♥♥♥

♥♥♥ အက္ခရာမဲ့ အချစ်ရှင်းတမ်း ♥♥♥
 


ယနေ့ ညရဲ့ အလွမ်းတွေကို
အချစ်တွေနဲ့  ချော့မြူကြည့်မယ်။

ကိုယ့်မနက်ခင်းတိုင်းရဲ့ အလှတရားနားမှာ
စာမညီတဲ့ ကဗျာတွေကိုသီရင်း
အလွန်တစ်ရာ နစ်နဲ့ တဲ့
ပဟေဠိ တစ်ပုဒ်နဲ့ အဖြေညှိုကြစို့ လား။

♥♥♥ နှလုံးသားကို ဖောင်လုပ်စီးသူများ ♥♥♥

♥♥♥ နှလုံးသားကို ဖောင်လုပ်စီးသူများ ♥♥♥


အတိတ်ဆိုတာလည်း မသိ
အချစ်ဆိုတာလည်းမရှိလို့ 
လောကရဲ့ နိယာမတရားကိုတောင်
ဘာသာသာနဲ့ ပြန်ဆိုရမလဲ မသိဘူး။

♥♥♥ အလွမ်းခြေရာ ရှိက်သံ ♥♥♥




အလွမ်းဆိုတာ လွန်စွာတန်ဖိုးရှိသော
အထီးကျန်ဆန်ခြင်းတစ်မျိုးပါပဲ။

အထီးကျန်ခြင်းဆိုတာက
သမရိုးကျ ခွဲထွက်လာခဲ့တဲ့
နှလုံးသား အသေတွေကို
လှည့်စားလိုက်တဲ့ လိမ်ညာခြင်းစာတမ်းတစ်ခုပေါ့