♥♥♥ အဆုံးသတ် မျက်ရည်♥♥♥


♥♥♥ အဆုံးသတ် မျက်ရည်♥♥♥
 
 
 
 

ရင်ဘတ်တစ်ခုလုံး ဆွဲခွာကြည့်လိုက်တော့

အနာတရ မျက်ရည်တွေက

နှလုံးသားပေါ်ခုန်ဆင်း

ရင်ကွဲရုံနား ကပ်ဆင်းလို့ သွားခဲ့တယ်။


ပေါ်ပင်ပေါ်သီးမဟုတ်ခဲ့တဲ့

ငါ့အချစ်တွေက လေဟာနယ်ပြဇာတ်ရုံက

လူရွှင်တော်တွေရဲ့ ပြတ်လုံးများပမာ

နားစည်ပေါ်လွင့်ပြယ် လို့ အချောင်သမားနောက်

ကောက်ကောက်ပါအောင်လိုက်ခဲ့တယ်။


နင့်မျက်ရည်မြေပေါ်ကျတော့

အလေ့ကျ ပန်းတွေ ပေါက်လိုက်တာ

ငါ့မျက်ရည် ကြွေမယ်ကြံတော့

မိန်းမရိုင်းအသည်းမို့  စိမ်းလိုက်တာတဲ့။။


ရွယ်မယ်ရည်စူးလို့ ဖူးခဲ့တာမဟုတ်ဘူး

ကြွေမယ်မှန်းသိရင် အစကတည်းက

မြေခ ပေးခဲ့မှာအမှန်။


ငါ့က မာယာဆိုတာ မသိတဲ့

ခပ်နုံနုံ လူအတစ်ယောက်ပါ

ကောက်ကြောင်းမသိတဲ့ ပန်းချီသမားတစ်ယောက်လို

ဆွဲမိဆွဲရာ ဆွဲလို့  ခြယ်မိ ခြယ်ရာ ခြယ်ခဲ့သူပါ။


မျက်ရည်လမ်းကြောင်းကြားမှာ

အ၀င်အထွက်မသိတဲ့ အလွမ်းတွေ

ကျီဇယ်လို့ နှလုံးသားတောင်

ဇကာပေါက်တွေနဲ့ ဖြစ်လို့ ပေါ။


ရင်ဘတ်တစ်ခုလုံး ဆွဲခွာကြည့်လိုက်တော့

အနာတရ မျက်ရည်တွေက

နှလုံးသားပေါ်ခုန်ဆင်း

ရင်ကွဲရုံနား ကပ်ဆင်းလို့ သွားခဲ့တယ်။




♥♥♥ကဗျာရိပ်♥♥♥

November,19,2013

Share:

1 comment:

  1. ဘယ်တော့မှ ပြန်မလာတော့မယ့်နင့် ကို ငါမမျှော်တော့ဘူး ....
    နင်အိပ်ပျော်ရဲ့လားလို့ ငါတွေးပူနေစရာမလိုတော့ဘူး ....
    ညတစ်ညကို ဖြတ်သန်းဖို့ ခက်ခဲတဲ့ နင့် အတွင် နှစ်ခြိုက်စွာအိပ်ပျော်စေပါဆိုတဲ့ ဆုတောင်းချက်ေတွေ က အခုမလိုအပ်တော့ဘူး ....
    မလိုအပ်တော့ပေမယ် .. ဒါတွေကိုငါလုပ်ဖြစ်နေသေးတယ်ချစ်သူ...
    ဘယ်အချိန်ထိလဲဆိုတာတော့... ငါလုပ်ဖြစ်နေတဲ့အချိန်ထိပေါ့ ..
    နင်ပြောသမျှကို ခေါင်းညိတ်တတ်တဲ့ ငါ့ကို .. နင်ကြောင့်မခ့စားပါနဲ့ ဆိုတဲ့ နင်ရဲ့ စကားကိုတော့ နားမထောင်ပါရစေနဲ့ နော် ...

    ReplyDelete